(၇၇) ရည်မှန်းချက်ကြီးသော || ရည်မှန်းချက်ကြီးသော

20.2K 2.8K 374
                                    

{Unicode}

ရည်မှန်းချက်ကြီးသော
*****


မင်းသားငယ်လေးသည် လူကြီးနှစ်ယောက် ပြောနေကြသည်ကို နားမလည်နိုင်သေး။ သူ့မျက်လုံးဝိုင်းဝိုင်းလေးများက မျက်တောင်တဖျတ်ဖျတ်ခတ်လျက် လက်ကလေးတစ်ဖက်သည်တော့ သူ့ခမည်းတော်ကြီးကို မလွှတ်ပေးဘဲ ဆုပ်ကိုင်ထားလေ၏။ ပါးစပ်သေးသေးလေးဟစိဟစိနှင့် ဗလုံးဗထွေးသံလေးများလည်း ထွက်နေသေးသည်။

စုန့်စုန့်သည် သူ့လက်ထဲရှိစာအုပ်ကို ဖျစ်ညှစ်လိုက်မိကာ သူ့ဦးနှောက်ထဲ၌ မသိစိတ်အရ စာအုပ်ပါရုပ်ပုံများထဲမှ လူများနေရာတွင် သူနှင့် လီရှောင်းကို အစားထိုးမြင်ယောင်ကြည့်မိပြီး ရှက်စိတ်တို့ ထုံမွှမ်းလာတော့သည်။

သို့သော် လီရှောင်းပြောသည်မှာ အလွန့်အလွန် မှန်ကန်ပေ၏။ ယင်းသည်လည်း သူ့တာဝန်ဝတ္တရားဖြစ်သည်။ ဤကိစ္စမျိုးက ရှက်စဖွယ်ဖြစ်သော်လည်း မကြိုက်သည့်အရာမျိုးတော့ မဟုတ်။

သူတို့ကြား တစ်ခဏတိတ်ဆိတ်သွား၏။ ရုတ်တရက် စုန့်စုန့်က သူ့သားကို ကောက်ချီကာ လှည့်ထွက်သွားလေသည်။

သူ ပြန်ရောက်လာသည့်အခါ လီရှောင်းက ကုတင်ပေါ်ထိုင်ကာ သူ့ကို ကြည့်နေ၏။ စုန့်စုန့်လည်း သူ့ဆီ လျှောက်သွားကာ အိပ်ရာပေါ် ထိုင်လိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

"ကျွန်တော်..... "

သူ ပြောမပြီးခင်မှာပင် လီရှောင်းက ပြောလာ၏။
"ကျန်းလဲ မင်းကို ထပ်ပြီးကိုယ်ဝန်မဆောင်စေချင်တော့ပါဘူး။"

စုန့်စုန့်က မလှုပ်မယှက် ငြိမ်ငြိမ်လေးသာ ထိုင်နေသည်မှာ ဆွတ်ခူးခံရန် အသင့်ဖြစ်နေသည့်အလားပင်။ နောက်ဆုံးတွင်တော့ အရင်ဆုံး ခံနိုင်စွမ်းကျိုးပျက်သွားရသည့်သူမှာ လီရှောင်းသာ။ သူက စုန့်စုန့်ကို လှဲချကာ နမ်းရှိုက်လာပြီး မထိတွေ့မီမှာပင် စုန့်စုန့်၏ခံတွင်းရည်တို့ကို စုပ်ယူစားသုံးနေလေပြီ။

အိပ်ရာခန်းဆီးတို့ ဖြေချခံလိုက်ရ၏။ လီရှောင်းသည် စုန့်စုန့်၏ ရှားပါးအဖိုးထိုက်လွန်းသော လိမ္မာနာခံတတ်သည့်အပြုအမူလေးကို တစ်ဖန်ခံစားလိုက်ရလေသည်။ စုန့်စုန့်သည် အတော်လေး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဧကရီတစ်ပါး၊ အရည်အချင်းပြည့်ဝလှသည့် ဖခင်တစ်ယောက်ဖြစ်ပြီး အလွန့်အလွန် အရည်အချင်းပြည့်မီသော ကြင်သူလေးတစ်ယောက်ပင်ဖြစ်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now