(၅) အပြင်ထွက်လည်ခြင်း || အပြင်ထွက်လည်ခြင်း

32.1K 4.5K 118
                                    

{Unicode}

အပြင်ထွက်လည်ခြင်း
*****


စုန့်စုန့် စားလို့ ပြီးသွားတဲ့အခါ လမ်းခဏလျှောက်ဖို့ ပြင်သည်။ သူ အဝေးကြီးမသွားဘဲ အိမ်တော်အနောက်ဘက်က ဥယျာဉ်တစ်ဝိုက်မှာသာ လှည့်လည်သွားလာလေသည်။

ဘုရင့်အိမ်တော်ရဲ့ အနောက်ဘက်ဥယျာဉ်က အလွန်တရာ ကျယ်ပြောပြီး ရေတသွင်သွင် စီးဆင်းနေတဲ့ တောင်အတုတွေ ၊ လေညင်းခံတဲ့ နေရာတွေနဲ့ လူလုပ်ရေကန်ကျယ်ကြီး တစ်ကန်လည်း ရှိသည်။ အစေခံတွေကတော့ အလုပ်များနေကြသည်။ သူက လူသစ်ဖြစ်ပြီး အစေခံအများစုက သူ့ကို မသိကြပေမဲ့ သူ့ရဲ့အဝတ်အစားတွေကို မြင်လိုက်တာနဲ့တင် သူက အစေခံတစ်ယောက်တော့ မဟုတ်ဘူးဆိုတာကို သူတို့ သိကြသည်။ အစေခံမဟုတ်ရင် သူက ဧည့်သည်တစ်ယောက်သာ ဖြစ်နိုင်တာကြောင့် သူတို့က သူ့ကို လမ်းမှာတွေ့တဲ့အခါ ရိုရိုသေသေ နှုတ်ဆက်သွားကြသည်။

စုန့်စုန့်ကလည်း ရိုသေယဉ်ကျေးစွာပဲ ပြန်နှုတ်ဆက်သည်။ သူ ရေကန်စပ်မှာ အေးအေးလူလူ လမ်းလျှောက်နေရင်း ရေပြင်ကြည်မှာ ကူးလူးနေကြတဲ့ ငါးတွေကို ကြည့်နေသည်။ သူ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ထောင့်တစ်ထောင့်မှာ ရပ်နေတဲ့ အစေခံတစ်ယောက်က သူ့ဆီ အမြန်ပြေးလာပြီး
"ကုန်းဇီ... ငါးစာအချို့ လိုချင်ပါသလား။"

ဒီအိမ်မှာရှိတဲ့ လူတွေက အရမ်းကို ပါးနပ်ကြသည်။ ထိုလူက သူ့အိတ်ကပ်ထဲကနေ ငါးစာတွေ ထုတ်လာတာကို မြင်ပြီး စုန့်စုန့်လည်း ကျေးဇူးတင်လိုက်သည်။ သူ အချို့ကိုယူပြီး ရေပြင်ပေါ် ပက်ကြဲလိုက်တော့ ငါးတွေက အလျင်အမြန် စုဝေးလာကြပြီး ပါးစပ်တွေကို ဖွင့်ကာ အစာစားကြတော့သည်။

စုန့်စုန့် မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။

အရမ်းကို အေးအေးဆေးဆေး အပန်းဖြေရပြီး ဒီလိုမျိုး စိတ်ကြည်ရွှင်နေဖို့က သူ့အတွက်တော့ ရှားပါးလှသည်။ ရုတ်တရက် သူ့ဘေးနားမှာ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရလေသည်။ စုန့်စုန့် လှည့်ကြည့်လိုက်ချိန်မှာတော့ အစေခံတစ်ယောက်က သူ့အရှေ့မှာ ချော်လဲသွားတာကို မြင်လိုက်ရပြီး ဗန်းပေါ်က စွပ်ပြုတ်တွေဟာလည်း သူ့အပေါ်ကို ချက်ချင်း ပက်ဖြန်းလိုက်သလို ဖြစ်သွားလေတော့သည်။  အစေခံက အဆောတလျင် တောင်းပန်လာပြီး သူ့ဆီမှာ ပေနေတာတွေကို သုတ်ပေးဖို့ လက်လှမ်းလာပေမဲ့ စုန့်စုန့်ကတော့ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ သူ့ကို ရှောင်လိုက်လေသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now