(၄) ချိုမြိန်သော အိပ်မက်များ || ခ်ိဳၿမိန္ေသာ အိပ္မက္မ်ား

33K 4.7K 287
                                    

{Unicode}

ချိုမြိန်သော အိပ်မက်များ
*****


ဒါက စုန့်စုန့် လီရှောင်းနဲ့အတူ ပထမဦးဆုံးအကြိမ် ထမင်းအတူတူ စားခြင်း ဖြစ်သည်။

လီရှောင်းရဲ့ ရူးသွပ်မှုတွေကို သူ အရင်က ကြားဖူးသည်။ သူ တစ်စုံတစ်ယောက်ကို ကြည့်လိုက်တဲ့အချိန်မှာ သူ ပြုံးနေခဲ့ရင်တောင်မှ လူတွေက အလန့်လွန်ပြီး တောင့်တင်းနေပေလိမ့်မည်။ နောက်စက္ကန့်အတွင်းမှာ သူက သူ့လက်စွဲတော် ဓားကို ဆုပ်ကိုင်ပြီး လူသတ်ပွဲကြီး ကျင်းပလိုက်မလားဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ ဧကရာဇ်ကြီးတောင်မှ သူ့ရဲ့ ဒီသားတော်နဲ့ ရင်ဆိုင်နေချိန်ဆို ဘေးမှာ ကိုယ်ရံတော်တွေကို အရံသင့် ထားထားတတ်သည်။ လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ သူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ လူတစ်ယောက်သာ ဖြစ်သည်။

ထိုအချိန်မှာဆို စုန့်စုန့်ရဲ့ နာမည်က သူ့ရဲ့စိတ်ခံစားချက်တွေကို ချုပ်ထိန်းပေးတဲ့ သော့ချက်ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ပေ။ ဒီဘဝမှာတော့ သူ့ရဲ့နာမည်က ထပ်တူညီတဲ့ သက်ရောက်မှုမျိုး ဆက်ပြီးရှိနေမလားဆိုတာ စုန့်စုန့်လည်း မသေချာပေ။

ကြုံလာရင်တော့ သိရမှာပါ...

အရူးဘုရင်ကို ခစားရတဲ့လူတွေက ပုံမှန်ဆို အကြာက်တရားတွေနဲ့ ရှင်သန်နေကြရတာ ဖြစ်သည်။ သူ့ရဲ့ လှုပ်ရှားမှုသေးသေးလေးကတောင်မှ သူတို့ကို ထိတ်လန့်နေတဲ့ ငှက်တွေလိုမျိုး ခြောက်လှန့်နိုင်လေသည်။ ဒီနေ့တော့ အစေခံတွေ အားလုံးကို အဝေးပို့ထားသည်။

စုန့်စုန့်ရဲ့တူတွေ စားပွဲခုံပေါ် ကျသွားတဲ့အခါ လီရှောင်းက ချက်ချင်း ကောက်ပေးလာသည်။ သူက စုန့်စုန့်နဲ့ အလွန်တရာ နီးကပ်လွန်းစွာ ထိုင်နေပြီး ကြွစောင်းစောင်း ပညာရှင်တွေလိုသာ ဆိုရင်တော့ ကိုယ်လုပ်တော် တစ်ယောက်၊ သို့မဟုတ် အမျိုးသားအချစ်တော်တစ်ယောက်ကသာ စည်းကျော်ပြီး သခင်နဲ့ ဒီလိုမျိုး နီးနီးကပ်ကပ် ထိုင်နေမှာ ဖြစ်သည်။

စုန့်စုန့် အနည်းငယ် မသက်မသာ ခံစားလာရသည်။ ဧကရာဇ် အသက်ရှိနေစဉ်မှာ အိမ်ရှေ့စံမင်းသားကတောင်မှ အနာဂတ်မှာ သူက ဧကရာဇ် ဖြစ်လာမယ်ဆိုပြီး ပြောရဲမှာ မဟုတ်ပေ။ လီရှောင်းလို ရူးသွပ်နေတဲ့လူမျိုးကသာ ဒီလို ရိုင်းစိုင်းတဲ့စကားမျိုးကို စကားကြောရှည်ပြီး ပြောမှာပင်။ ဒါပေမဲ့ စုန့်စုန့်ရဲ့ နားတွေထဲမှာတော့ ဒါက လီရှောင်းဟာ သူ့ကို နက်နက်နဲနဲ ယုံကြည်ကြောင်း ပြနေသလို၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ စမ်းသပ်နေသလိုသာ အရာရောက်ပေသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now