(၁၆) ရိုကျခကျြ || ရိုက်ချက်

26.9K 4K 251
                                    

{Unicode}

ရိုကျခကျြ
*****


အဆုံးတော့ လီရှောင်းက သူ့ရဲ့ 'မလျော်ညီ' တဲ့ အကြောင်းပြချက်ကို လက်မခံဘဲ စုန့်စုန့်တစ်ယောက် ပွေ့ချီခံလိုက်ရပြီး အိပ်ရာပေါ် တန်းတန်းမတ်မတ် အသယ်ခံသွားရတာကို သိလိုက်ရလေသည်။

ရှေးဓလေ့ထုံးစံတွေအရဆိုရင်တော့ မင်္ဂလာပွဲမတိုင်ခင်မှာ သတို့သားနဲ့ သတို့သမီးက တစ်ယောက်နဲ့တစ်ယောက် မတွေ့သင့်ပေ။ လီရှောင်းအလှည့်မှာတော့ တွေ့မြင်နေရုံတင်မကဘဲ အိမ်အထိပါလိုက်လာပြီး ထွက်သွားဖို့ ငြင်းဆန်နေလေသည်။
ဘယ်လိုတောင် မဖြစ်နိုင်တာကြီးလဲ...

ကောင်းတာတစ်ခုက သူက မိန်းကလေး မဟုတ်ခြင်းပင်၊ မဟုတ်လျှင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာက လွင့်ပါးပျောက်ဆုံးသွားသည်မှာ တော်တော်ကြာနေလောက်ပြီ ဖြစ်သည်။

တကယ်တော့ ဒီကိစ္စမှာ စုန့်စုန့် အများကြီး တွေးမိသွားသည်။ ဒီနေ့လိုမျိုးပဲ သူက စုန့်ကောရဲ့ ရထားလုံးထဲမှာ ထိုင်မနေခဲ့သော်ငြားလည်း ဘယ်သူကမှ သူ မသိတတ်ဘူးလို့ မတွေးကြချေ။
ဘယ်သူက လီရှောင်းကို အပြင်မှာဆို ဒီလိုမျိုး ကြောက်မက်ဖွယ် ဂုဏ်သတင်းကြီးစေတာလဲ... သူ့ကို မတော်တဆသာ ရန်စမိရင် သူက ဒေါသအိုး ပေါက်ကွဲလာလိမ့်မယ်ဆိုပြီးတော့လေ...
ဒါကြောင့် လူတိုင်းအမြင်မှာ စုန့်စုန့်ကို အပြစ်ရှာဖို့ အခွင့်အရေး မရှိပေ။ သူက အရူးဘုရင် ဆုံးဖြတ်သမျှကို တိတ်တိတ်ဆိတ်ဆိတ် နာခံရုံသာ တတ်နိုင်တဲ့ ကံမကောင်းရှာတဲ့ ငတိလေးတစ်ယောက်သာ ဖြစ်နေသည်လေ...။

နှစ်ယောက်သား အိပ်ရာထဲ ရောက်ပြီးနောက်တော့ စုန့်စုန့်လည်း ချက်ချင်းဆိုသလို မျက်လုံးတွေ မှိတ်လိုက်သည်။

တကယ်တော့ လီရှောင်းက တစ်ခုခု ပိုလုပ်လာမှာကို သူ နည်းနည်းတော့ စိုးရိမ်သည်။ အရင်ဘဝက သူ သိသလောက်ဆို သူတို့ တစ်ကြိမ်သာ လုပ်ခဲ့ဖူးသည်။ အဲ့ဒါက မွေးမလာသေးတဲ့ ကလေးလေးက အခု သူ့ဗိုက်ထဲမှာ   ကျိန်းသေပေါက်ကို ရှိနေပြီလို့ ဆိုလိုတာ ဖြစ်သည်။
လီရှောင်းက အဲ့ဒါလေးကို... တွန်းထုတ်မိလိုက်မှာကို သူ ကြောက်မိသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now