(၂၀) ရိုင်းပျသော || ႐ိုင္းပ်ေသာ

26.4K 4K 224
                                    

{Unicode}

ရိုင်းပျသော
*****


တစ်ခဏတော့ စုန့်သခင်မ ချက်ချင်းပြေးသွားပြီး စုန့်စုန့်ရဲ့မျက်နှာပေါ်က အရေပြားကို ဆွဲခွါပစ်လိုက်ကာ ကြမ်းပြင်ပေါ် အကြိမ်ကြိမ်အခါခါ ချနင်းပစ်ချင်မိသည်။

သူ စုန့်စုန့်ကို အော်ဟစ်ပစ်လိုက်ချင်သည် : နင့်ကြီးတော်ကိုပဲ 'တခြားလူတွေအပေါ် အရမ်းကို နားလည်စာနာပေးတတ်ပါတယ်' လုပ်နေလိုက်! ဒီသခင်မက လုံးဝကို အဲ့လိုမျိုး မဟုတ်ဘူး...!

ဒါပေမဲ့ ဘေးနားမှာ လီရှောင်းရော၊ မင်ရွှမ်းဆိုင်ရှင်ရော၊ စီမံထိန်းသိမ်းသူရော အားလုံး ရှိနေတာကြောင့် စုန့်စုန့် သူ့ကို တပ်ပေးလိုက်တဲ့ တောက်တောက်ပပ ညွှန်းဆိုချက်ကြီးကို သူ လုံးဝမလိုချင်ရင်တောင်မှ ဆက်ပြီးပန်ဆင်ထားရပေဦးမည်ဖြစ်သည်။

စုန့်စုန့်က ဒီအတိုင်း အဓိပ္ပာယ်မရှိ ဇာတ်လမ်းဆင်နေတာဆိုရင်တော့ အရမ်းတော့ မဆိုးနိုင်ပေ။ ဒါပေမဲ့ ဖူရှီအန်းစားသောက်ဆိုင်ကို အစကတည်းက ဖုမိသားစုက ပိုင်တာဖြစ်သည်။ ဖုမိသားစုရဲ့ တစ်ဦးတည်းသောသမီးက ဆုံးပါးသွားပြီဖြစ်တာကြောင့် စုန့်စုန့်ကသာ တစ်ဦးတည်းသော ဆက်ခံသူအဖြစ် ကျန်ရစ်ခဲ့တာပင်။ သူသာ စုန့်မိသားစုရဲ့ သားတစ်ယောက်အဖြစ် ရှိနေသေးရင် လုပ်ပိုင်ခွင့်အရ လုပ်ငန်းတွေကို စုန့်မိသားစုက ထိန်းသိမ်းနိုင်သည်။ ဒါပေမဲ့ အခုတော့ စုန့်စုန့်က ထိမ်းမြားပြီး ဘုရင့်အိမ်တော်ကို ဝင်ရောက်တော့မှာ ဖြစ်တာကြောင့် သူ့မိခင်ရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ခန်းဝင်ပစ္စည်းအဖြစ် ထည့်ပေါင်းလိုက်တာက ကျိုးကြောင်းညီညွတ်လေသည်။

စုန့်သခင်မက ရုတ်တရက် အရင်က သူ အရမ်းကို နူးညံ့မိခဲ့သလို ခံစားလာရသည်။ သူ စုန့်စုန့်ကို ဟိုးအရင်ကတည်းက သတ်ပစ်ခဲ့သင့်သည်။ ဒါမှသာ ဒီကနေ့ သူ့(မ)အရှေ့မှာ မထိန်းမသိမ်းနိုင်လောက်အောင် ခုန်ပေါက်ပြမနေမှာပင်။

ဒါပေမဲ့... သူ ဒါကို စိတ်ကူးကြည့်ရုံသာ တတ်နိုင်တော့သည်၊ သူ့ရဲ့ ခံပြင်းမှုတချို့တလေကို အနည်းငယ်လောက် ထုတ်ပြမိသွားမှာတောင် ကြောက်ရွံ့နေရသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now