(၇) (ဒေါသ)ပေါက်ကွဲခြင်း || (ေဒါသ)ေပါက္ကြဲျခင္း

28.6K 4.4K 232
                                    

{Unicode}

(ဒေါသ)ပေါက်ကွဲခြင်း
*****


အရမ်းကို ထူးဆန်းသည်။ အချို့အရာတွေကို လုပ်လိုက်ရင် အဆင်ပြေပေမဲ့ ပါးစပ်ကနေ ထုတ်ပြောရမယ်ဆိုရင်တော့ အလွန့်အလွန်ကို ရှက်ရွံ့ဖွယ်ကောင်းသည်။

အဆုံးမှာတော့ စုန့်စုန့်က အရမ်းကြီး ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့လူလည်း မဟုတ်ပေ။ အရင်ဘဝတုန်းကတော့ လီရှောင်းကသာ တစ်ညလုံး လုပ်ငန်းစခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ အခုတော့ လီရှောင်းက လုံးဝကို စိတ်မဝင်စားတဲ့ပုံပင်။ စုန့်စုန့်ကသာ ကလေးလိုချင်တဲ့သူ ဖြစ်တာကြောင့် လီရှောင်းကို စိတ်ကျေနပ်စေဖို့ သူ့ကိုယ်သူ အားကိုးရုံသာ ရှိတော့သည်။

အခုအချိန်အထိ... သူ လီရှောင်းဆီကနေ တစ်ခုခု ရချင်တယ်ဆိုရင်တောင်မှ ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို သူ လုပ်နေကျမဟုတ်ခဲ့ပေ။

သူ ခေါင်းငုံ့လိုက်မိပြီး နားရွက်ဖျားတွေ နီရဲနေကာ လီရှောင်းရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ဖို့ ကြောက်ရွံ့နေမိသည်။

ထို့ကြောင့် သူ ပြောလိုက်တဲ့စကားကို တုံ့ပြန်တဲ့အနေနဲ့ လီရှောင်းရဲ့ မျက်လုံးတွေ ဘယ်လိုတောင် နက်မှောင်သွားတယ်ဆိုတာ သူ မမြင်လိုက်ရပေ။ လီရှောင်းက တံတွေးမျိုချပြီး သူ့ကို ပွေ့ဖက်ထားကာ
"စုန့်အာက... ဒီဘုရင်ကို အဲ့လောက်တောင် သဘောကျတာလား။"

ထိုအသံက တစ်နည်းတစ်ဖုံ အက်ကွဲနေပြီး စုန့်စုန့်ရဲ့ နားရွက်တွေကို ပို၍ပင် နီမြန်းလာစေသည်။ စုန့်စုန့် လက်ကိုမြှောက်လိုက်ကာ နားရွက်ကို ကုတ်ရင်း အနေခက်စွာ တီးတိုးဖြေသည်။
"အရမ်း အရမ်းကိုပဲ။"

သူနဲ့ ကလေးလိုချင်တာက သူ့ကို သဘောကျတယ်လို့လည်း ပြောလို့ရတယ်မလား...? ဟုတ်တယ်မလား...?

လီရှောင်းရဲ့ လက်ချောင်းတွေက သူ့ဆံပင်ရှည်တွေကြား ပြေးလွှားနေသည်။ တစ်ဖက်လူက သူ့ခန္ဓာကိုယ်ရဲ့ လှိုက်လှဲပျူငှါမှုဆီ ချင်းနင်းဝင်ရောက်လာတာကို စုန့်စုန့် ရှင်းရှင်းလင်းလင်းကို ခံစားမိသည်။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အတင်းကြိုးစားနေရပြီး ခေါင်းကိုမော့ကာ လီရှောင်းကို ကြည့်လိုက်ရင်း နည်းနည်းလောက်ပိုပြီး ဖြားယောင်းသွေးဆောင်ဖို့ ပြင်ဆင်လိုက် ---

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now