(၄၈) ရွှေ || ေ႐ႊ

19.6K 3.1K 142
                                    

{Unicode}

ရွှေ
*****


ဖူရှီအန်းစားသောက်ဆိုင်အပြင်ဘက်၌ လူများနှင့် ပြည့်ကျပ်နေ၏။ လူတိုင်းလူတိုင်းသည် အနှံ့လျှောက်ကြည့်နေကြပြီး သတင်းသွားထောက်လှမ်းသည့် စားပွဲထိုးအား စောင့်ဆိုင်းဖွေရှာနေကြသည်။

"အခြေအနေ ဘယ်လိုလဲ။"

"အင်ပါယာသမားတော်အသစ်နှစ်ယောက် ဝင်သွားပြီးတော့ ဘာလှုပ်ရှားမှုမှ ထပ်မရှိသေးဘူး။ ဒါဆို....."

"ကြည့်! အဲဒါက ဧကရာဇ်ရဲ့ရထားလုံးမဟုတ်လား။ သူ နန်းတော်ကို ပြန်နေပြီ! အခု ဘုရင့်အိမ်တော်ထဲမှာ အခြေအနေဘယ်လိုရှိလဲ။"

ရုတ်တရက်--

"ပြန်လာပြီ၊ ပြန်လာပြီဟေ့!!!"

သတင်းသွားထောက်လှမ်းသည့်လူသည် အသက်မရှူစတမ်းပြေးလာ၏။ လူများက ချက်ချင်း သူ့နားဝိုင်းအုံသွားကာ ရေကမ်းပေးကြလေသည်။ ထိုလူက ရေနွေးနွေးကို သူ့ဝမ်းဗိုက်ထဲသို့ တဂွပ်ဂွပ်မြည်အောင်သောက်ချလိုက်ပြီး လည်ချောင်းကိုစိုစွတ်စေကာ အဆုံး၌ ပြောလာသည်။
"ပြာဋိဟာပဲ! ဝမ်ဖေးက ကိုယ်ဝန်ရှိနေတယ်တဲ့!"

အင်ပါယာနည်းပြကျောက်ဘက်၌ လောင်းထားသည့်လူများသည် ချက်ချင်းပင် စတင်ကြွေးကြော်ကြတော့သည်။ သူတို့နောက်တွင်တော့ မယုံကြည်နိုင်ခြင်းများစွာကို တစ်ပြိုင်နက်ဖော်ပြနေကြသည့် လူအုပ်ကြီးလည်း ရှိသည်။
"တကယ်ပဲ ကလေးရှိနေတာတဲ့လား။ ကြည့်ရတာ အရူးဘုရင်က တကယ့်ကိုပဲ ကောင်းကင်ဘုံရဲ့ပြဋ္ဌာန်းသူတွေ ရွေးချယ်တာခံထားရတဲ့သူပဲ ဖြစ်မယ်။"

"ဘာတွေ ပြောနေတာလဲ။ ခေါင်းဖြတ်ခံချင်နေတာလား။"

"ဝမ်ဖေးရဲ့ဝမ်းဗိုက်ထဲက ကလေးလေးက နတ်ဘုရားတစ်ပါး ကမ္ဘာမြေပြင်ပေါ် သက်ဆင်းဝင်စားလာတာလို့ ထင်သလား။"

"ကြွယ်ဝချမ်းသာခြင်းနဲ့စစ်နတ်ဘုရားပဲ ဖြစ်မယ်!"

"ဒီကလေးကို ဘယ်နတ်ဘုရားက အပ်နှင်းပေးလိုက်တာပါလိမ့်။ ကျုပ် ကြားမိတာကတော့ နောက်ရက်နည်းနည်းနေရင် ဧကရာဇ်ကြီးကိုယ်တိုင် ဖင်းဝမ်ကို ခေါ်ပြီး မွန်မြတ်နဂါးဘုရားကျောင်းမှာ ကျေးဇူးတော်သွားချီးမွမ်းကြမယ်တဲ့။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora