(၆၄) သစ္စာစောင့်သိသော || သစၥာေစာင့္သိေသာ

16.2K 2.8K 151
                                    

{Unicode}

နောက်ဆုံးက T/N ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ ‼️

သစ္စာစောင့်သိသော
*****


စုန့်သခင်မ အိမ်ပြန်ရောက်သည့်အခါ ညသန်းခေါင်ယံပင် ဖြစ်နေလေပြီ။ သူက ဝန်ကြီးချုပ်၏သမီး ဖြစ်နေသေး၏။ သို့ဖြစ်ရာ စုန့်ကွော်ကုန်းသည် သူ့ကို မနှစ်သက်တော့သော်လည်း သူသာ တကယ်ပျောက်သွားပါက ရှင်းပြရခက်ခဲပေလိမ့်မည်။

ထို့ပြင် သူတို့ကလေးများကလည်း အရာရာကို စောင့်ကြည့်နေကြသည်။

....................

စုန့်သခင်မသည် ယောင်ချာချာဖြင့် အနောက်တံခါးရှေ့၌ ပစ်ချခံခဲ့ရ၏။ သူ့ကို အစေခံများ ရှာတွေ့သွားသည့်အခါ နေထွက်လုချိန်ပင် ဖြစ်နေလေပြီ။ အစေခံများက သူ့ကို မြင်လိုက်ရသည့်အခါ သက်ပြင်းရှည်ကြီးချလိုက်မိကြ၏။ သူတို့ ကပျာကယာပင် သူ့ကို အထဲသို့ ခေါ်သွားလိုက်ကြသည်။ သူ့မောမော့က သူ့ကို အတော်လေး ကောင်းကောင်းမွန်မွန် ပြုစုပေး၏။ မောမော့က စုန့်သခင်မ၏အဝတ်အစားများပေါ်မှ အစအနတို့ကို ပုတ်ခါပေးပြီး အစားအစာနှင့် သောက်ရေ ပေးလာသည်။
"မြန်မြန်လေး တစ်ခုခု စားလိုက်ပါ။ အပြင်မှာ အေးနေခဲ့လား။"

"ငါ့ယောက်ျား ဘယ်မှာလဲ။"

သူ ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်ကို မြင်သည့်အခါ မောမော့က ပြောလာသည်။
"သခင်ကြီးက ပင်မအိမ်တော်ထဲမှာပါ။"

"ငါ သူ့ကို သွားရှာမယ်။"

"မနက်အထိ စောင့်လိုက်ပါလား။"
မောမော့က ပန်းကန်လုံးကို မ,ကာ သူ့ကို ဖျောင်းဖျသည်။
"လာ... စားကြရအောင်။"

ထိုပန်းကန်မှာ ရုတ်တရက် အဝေးသို့လွှင့်ပေါက်ခံလိုက်ရ၏။ စုန့်သခင်မက စူးစူးဝါးဝါး ပြောလာသည်။
"ငါ့မှာ ခြေတွေလက်တွေ မရှိတာမဟုတ်ဘူး။ နင် ငါ့ကို ခွံ့ကျွေးနေဖို့ မလိုဘူး!"

သူ ရူးနေခဲ့စဉ်က မကြာခဏ သောင်းကျန်းတတ်သော်လည်း ယခု သူ့စကားလုံးများကတော့ တစ်စုံတစ်ခု ပါဝင်နေသည့် အရိပ်အယောင်ပေါ်နေလေသည်။ မောမော့ ပဟေဠိဖြစ်သွားကာ မတ်တပ်ရပ်နေမိစဉ် စုန့်သခင်မက ထပြီးလမ်းလျှောက်သွားနေလေပြီ။ သူ့မှတ်ဉာဏ်ထဲမှအတိုင်း လျှောက်ကာ ပင်မအိမ်တော်သို့ ရောက်လာ၏။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now