(၇၆) သန္ဓေတားဆေး || သေႏၶတားေဆး

21.3K 2.9K 263
                                    

{Unicode}

သန္ဓေတားဆေး
*****


ယခု စုန့်စုန့်သည် နန်းတော်ထဲတွင်သာ နေနေရာ အပြင်ဘက်တွင်ဖြစ်ပျက်နေသည်များကို အာရုံမစိုက်မိပေ။ သို့သော် သူ့အခြေအနေနှင့်ဆိုလျှင် သိရရန်လည်း မခက်ခဲလှချေ။

မင်းသားငယ်လေး၏တစ်လပြည့်အခမ်းအနားသို့ လီရန်း မတက်ရောက်ခဲ့သည်က အံ့ဩစရာမရှိတော့ပေ။ သူ နေမကောင်းဖြစ်နေခြင်းပင်။ သူ နန်းတော်ထဲမှထွက်သွားစဉ်ကတည်းက အပြင်ထွက်ခဲလှပြီး လူတိုင်းသည်လည်း လီရန်းက အခန်းတံခါးပိတ်ကာ သူ့ကိုယ်သူ အပြစ်ပေးနေသည်ဟုသာ တွေးမိကြ၏။ သို့သော် အမှန်တွင်မူ သူ နေမကောင်းဖြစ်ပြီး အိပ်ရာထဲ၌ လဲနေခြင်းသာ။

စုန့်စုန့်မသိခဲ့သည်မှာ ယခင်ဘဝတွင် လီရန်းသည် တကယ်ပင် လီရှောင်းထံသို့ တောင်းပန်စာတစ်စောင် ပို့ခဲ့လေသည်။ လီရန်းသည် နေမကောင်းဖြစ်ကာ သေဆုံးသွားခဲ့၏။ သူ မသေမီ ရှက်စိတ်၊ အပြစ်ရှိစိတ်တို့ကြီးစွာ နေထိုင်ခဲ့လေပြီး သူ့မိခင်အရင်းက သူ့အစ်ကိုတော်၏မိခင်ကို သတ်ခဲ့သည့်အဖြစ်အား သူ လက်မခံနိုင်ခဲ့။ အနှီစာကြောင့် ယခုဘဝတွင် လီရှောင်းတစ်ယောက် နောက်ဆုံးသောဆုံးဖြတ်ချက်မချနိုင်ဖြစ်နေရခြင်းဖြစ်လေသည်။ 

စိတ်ထဲတွင်တော့ သူ လီရန်းကို ဂရုမစိုက်ချင်သေးသော်လည်း စုန့်စုန့်က စစ်အေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေသည့်အခါ လီရှောင်း၏စိတ်ထဲတွင် လီရန်းအပေါ် အပြစ်မြင်စိတ်များများစားစား မကျန်ရှိတော့ပေ။

တစ်မျိုးပြောရပါလျှင် ယခု လီရှောင်းသည် တစ်ဘဝလုံး လီရန်းကို လျစ်လျူရှုနေနိုင်သော်လည်း လီရန်း သေဆုံးသွားမည်ကိုတော့ ကြည့်မနေနိုင်တော့ချေ။

....................

စုန့်စုန့်သည် နန်းတော်အပြင်ထွက်သည့်အခါ ခွင့်ပြုချက်မတောင်းသော်ငြား စည်းမျဉ်းတို့ကို လိုက်နာ၏။ သို့ဖြစ်ရာ သူ အပြင်ထွက်တိုင်း လီရှောင်းကို အသိပေးလေသည်၊ သို့မှသာ တစ်ဖက်လူက သူ မည်သည့်နေရာတွင်ရှိနေသည်ကို အလွယ်တကူ ခြေရာခံနိုင်ပေလိမ့်မည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now