(၄၀) နှစ်သစ်ကူး || ႏွစ္သစ္ကူး

22K 3.2K 111
                                    

{Unicode}

နှစ်သစ်ကူး
*****



စုန့်ကွော်ကုန်း နန်းတော်ဂိတ်မှ ထွက်လာသည့်အချိန်၌ လီရှောင်းက သူ့အနောက်၌ ပေါ်လာသည်။
"ယောက္ခထီးတော်"

စုန့်ကွော်ကုန်း ရပ်လိုက်ရပြီး လီရှောင်းနှင့် ရင်ဆိုင်ရန် အားအင်တို့ကို ဆင့်ခေါ်လိုက်ရ၏။ လီရှောင်းက အစစ်အမှန်မဟုတ်သော စိုးရိမ်ပူပန်မှုဖြင့် ပြောလာသည်ကို သူ ကြားလိုက်ရသည်။
"ဒီဘုရင်က တော်ဝင်သမားတော်တွေကို အသိပေးလိုက်ဖို့ စေခိုင်းထားပြီးပြီ။ သူတို့က ဒုတိယသခင်လေးကို ကျိန်းသေပေါက် အစွမ်းကုန် ကုသပေးကြမှာပါ။ ယောက္ခထီးတော်... သိပ်ပြီး စိုးရိမ်မနေပါနဲ့။"

စုန့်ကွော်ကုန်းက ခြောက်ကပ်ကပ် ရယ်သည်။
"ကျေးဇူးကြီးမြတ်လှပါတယ် ဝမ်ရယ်။"

"လုံးဝ မဟုတ်ရပါဘူး။"
လီရှောင်းက ပြန်ပြောသည်။
"ဒုတိယညီတော်နဲ့ ဝမ်ဖေးက တကယ့်ကို အခက်အခဲအတွင်းက ညီအစ်ကိုကောင်းတွေပဲလေ။ ရက်နည်းနည်းလောက်​နေလို့ ဝမ်ဖေး သက်သာလာတဲ့အခါကျမှ ကိုယ်တော်တို့ လာလည်ပါဦးမယ်။"

"... စုန့်မိသားစုက အရှင့်ရဲ့ လည်ပတ်မှုကို အချိန်မရွေး စောင့်မျှော်နေပါတယ်။"

လီရှောင်းက မြင်းပေါ် ခွတက်ကာ ထွက်သွားတော့သည်။ စုန့်ကွော်ကုန်းလည်း အဆုံး၌ သက်ပြင်းချကာ ရထားလုံးပေါ် တက်လိုက်သည်။

....................

စုန့်ကော၏ခြေထောက်တို့ ပြတ်တောက်သွားသည်ကို သိလိုက်ရသည့်အခါ စုန့်စုန့် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုနေ့က သူ စုန့်ကောကို ရိုက်ရုံသာ ရိုက်ခဲ့ပြီး လီရှောင်းနှင့်အတူ အိမ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဤကဲ့သို့သောကိစ္စမျိုး ဖြစ်ပျက်သွားခဲ့သည်ကို သူ မသိခဲ့ပေ။ လီရှောင်း ပြန်လာသည့်အခါ စုန့်စုန့်လည်း ချက်ချင်း အတည်ပြုလိုက်သည်။
"စုန့်ကောရဲ့ခြေထောက်တွေ ခုတ်ဖြတ်ခံလိုက်ရတယ်ဆို?"

"အမှန်ပဲ။"

"အဲ့နေ့က အဖြတ်ခံလိုက်ရတာလား။"

"အင်း။"

"အရှင်..."
စုန့်စုန့်သည် သူ့ကို ကပျာကယာ လှမ်းဆွဲကာ ရင်ဖိုစွာ မေးလာ၏။
"အရှင် လုပ်ခဲ့တာလား။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now