(၃) အလိုလိုက်ခြင်း || အလိုလိုက်ခြင်း

37.1K 4.8K 290
                                    

{Unicode}

အလိုလိုက်ခြင်း
*****


စုန့်စုန့်ရဲ့ မေးစေ့ကို ဖျစ်ညှစ်ထားရင်း ထိုအမျိုးသားဟာ သူ့ခေါင်းနောက်ကို ထိန်းကိုင်လိုက်ပြီး အလွန်လေးနက်ကာ ယုယကြင်နာတဲ့ အနမ်းတစ်ပွင့်ကို ပြီးမြောက်စေလိုက်လေသည်။

ထို့နောက် သူ့လက်မောင်းတွေကို တင်းကျပ်လိုက်ရင်း ဆိုသည်။
"တကယ်ကို အရမ်း ချိုမြိန်တာပဲ။"

နက်မှောင်တဲ့ မျက်လုံးတွေမှာ ရှက်ရွံ့အနေခက်ခြင်း တစ်စွန်းတစ်စ ရှိနေပြီး ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ စုန့်စုန့်ဟာလည်း မျက်နာတွေ နီမြန်းလာခြင်းကို မချုပ်ထိန်းလိုက်နိုင်ပေ။ သူ့နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ပြီး ခေါင်းငုံ့လိုက်သည်။ ဘာအကြောင်းအရင်းကြောင့်မှန်း မသိပေမဲ့ ဒီဘုရင်ဟာ အရင်ဘဝက ပုံစံနဲ့ မတူဘဲ ကွဲပြားနေသလို သူ ခံစားရသည်။ သေချာပေါက်ပင်... အရင်က လီရှောင်းနဲ့ သူဟာ တစ်ညတာသာ ရင်းနှီးခဲ့ကြတာ ဖြစ်လေသည်။ 

လီရှောင်းရဲ့ လက်ချောင်းတွေဟာ စုန့်စုန့်ရဲ့ ဆံပင်ရှည်တွေကို ဖြီးသင်ပေးနေကာ ကျွတ်ထွက်ပြီး သူ့လက်ချောင်းတွေမှာ ကပ်ပါလာတဲ့ ဆံချည်မျှင်တွေကို မြင်တဲ့အခါမှာတော့ မျက်လုံးတွေ မှေးမှိန် အရောင်ဖျော့သွားလေသည်။

စုန့်စုန့်ဟာ သူ့လက်မောင်းတွေထဲကနေ ထဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ တင်းတင်းကျပ်ကျပ် အဖက်ခံထားရတာသာ အဖက်တင်သည်။ ထိုအမျိုးသားက သူ့ကို စကားစကာ မေးလာလေသည်။
"ပုံမှန်ဆို စုန့်စုန့်က ဘာစားရတာ ကြိုက်လဲ။"

"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။"
သူ ပုံမှန်အတိုင်း စားနိုင်ခဲ့ရင်တောင် ကံကောင်းတာ ဖြစ်သည်။
သူက ဘယ်လိုလုပ်ပြီး ဇီဇာကြောင်ရဲမှာလဲ...

အချိန်အတော်ကြာ ဝိညာဉ်သရဲအဖြစ်နဲ့ နေပြီးနောက်မှာ သူ ပိုပြီး နားလည်ပေးနိုင်လာကာ အတိတ်ကို အတိတ်မှာသာ ထားရစ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သူအမြဲတမ်း တွေးခဲ့သည်။ ဒါပေမဲ့ ပြန်လည်ရှင်သန်လာပြီးနောက််မှသာ ထိုအာဃာတဟောင်းတွေ အားလုံးကို လွယ်လွယ်နဲ့ မေ့ပစ်လို့ မရနိုင်တာကို သိခဲ့ရလေသည်။ သူ့အတိတ်ဘဝတုန်းက သူ့မှာ ရှိခဲ့တဲ့ နူးညံ့သိမ်မွေ့ခြင်းတွေ၊ အားနည်းခြင်းတွေ အားလုံးဟာ ယခုဘဝမှာ လက်တုံ့ပြန်ဖို့ အတွက် မကျေမချမ်းမှုတွေ၊ လိုအပ်ချက်တွေ အဖြစ် ထပ်တူပမာဏအတိုင်း အစားထိုးနေရာယူသွားခဲ့ပြီ ဖြစ်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now