(၃၄) သဘောကျနှစ်သက်ခြင်း || သဘောကျနှစ်သက်ခြင်း

21.8K 3.4K 198
                                    

{Unicode}

သဘောကျနှစ်သက်ခြင်း
*****


လီရှောင်းက ပုံမှန်လူတစ်ယောက်လို ပြုမူတဲ့အချိန်တော့ ဖြစ်သင့်တယ်လေ... ဘယ်လိုတုန်း...။

ဆုလာဘ်ဟု ပြောလိုက်သည်နှင့် စုန့်စုန့်သည် ခြေထောက်ကို ချိတ်ကာ ဒူးနှစ်လုံးကို ပိုက်ထိုင်ရင်း ကြောက်လန့်မှုတို့နှင့် ပြည့်နှက်နေသည့်မျက်နှာထားကို နေသားတကျ တပ်ဆင်ထားတော့သည်။ လီရှောင်းက မရယ်ရ မနေနိုင်တော့ဘဲ အနည်းငယ် အလျှော့ပေးလာသည်။
"ဒါဖြင့် ဆုလာဘ်သေးသေးလေးတစ်ခုဆိုရင်ရော ဘယ်လိုလဲ။"

စုန့်စုန့်သည် နီးကပ်လုနီးပါး ဖြစ်နေသည့် လီရှောင်း၏ ချောမောလှသော မျက်နှာကို ကြည့်လာကာ လီရှောင်းက အဘယ့်ကြောင့် ဤကဲ့သို့သော ဆုလာဘ်မျိုးကို တောင်းဆိုနေသည်ကို စဉ်းစားမနေတော့ဘဲ အကျဉ်းမျှသာ အမြန်လှမ်းနမ်းလိုက်၏။ လီရှောင်း၏မျက်နှာသည် အားရကျေနပ်မှုများနှင့် ပြည့်ဝသွားတော့သည်။ သူက အပေါ်ဝတ်ရုံကို ချွတ်ကာ အိပ်ရာထဲဝင်ပြီး စုန့်စုန့်၏နံဘေး၌ လဲလျောင်းလာသည်။ စုန့်စုန့်သည် စောင်ကို ကိုင်ထားဆဲဖြစ်ကာ လီရှောင်းကို သတိကြီးစွာ ကြည့်နေ၏။
လီရှောင်းက ပြောလာသည်။
"ကိုယ့်ကိုလည်း စောင်တစ်ဝက်လောက် ဝေမျှပါဦး။ အေးတယ်။"

စုန့်စုန့်သည် စောင်ကို ဆွဲယူကာ သူ့ကိုယ်ပေါ်၌သာ နေရာချ၏။ ဦးခေါင်းမှ ခြေဖျားအထိ ဖုံးကာထားပြီး စောင်ပုံထဲတွင် တိုးဝှေ့နေကာ နူးညံ့စွာ ပြောလာသည်။
"ဒီညတော့ ကျွန်တော်တို့ တစ်ယောက်ကို စောင်တစ်ထည်စီနဲ့ အိပ်သင့်တယ်... ဟုတ်ပြီလား။"

လီရှောင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ ပြောသည်။
"မင်းက အိပ်ရာခွဲအိပ်ချင်တာလား။"

"အဲ့လိုတော့ မဟုတ်ပါဘူး။ လူနှစ်ယောက် သပ်သပ်စီအိပ်တာက ပိုကောင်းမယ်လို့ ထင်မိလို့လေ။ ကျွန်တော်က အရှင့်ကို မတော်တဆ နှောင့်ယှက်မိမှာ စိုးလို့ပါ။"

လီရှောင်းက သူ ပြောသည်ကို လျစ်လျူရှုကာ စောင်ထောင့်စွန်းကို မ,လိုက်ပြီး အမူအရာသည်တော့ အနည်းငယ် တင်စီးသယောင် ဖြစ်နေသည်။ စုန့်စုန့်လည်း သူ့ကို ဒေါသထွက်အောင် လုပ်မိမည်ကို စိုးသောကြောင့် တစ်ခဏ တုံ့ဆိုင်းနေပြီးသည့်နောက်တွင်တော့ မျက်နှာကို ရှုံ့မဲ့ကာ ရဲရင့်စွာပင် ဝင်အိပ်လိုက်တော့သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now