(၅၅) ဟန်ဆောင်ခြင်း || ဟန်ဆောင်ခြင်း

18K 2.8K 139
                                    

{Unicode}

ဟန်ဆောင်ခြင်း
*****


စုန့်စုန့် အတော်စိတ်ပူနေ၏။ မျက်မှောင်ကြုတ်ရင်း ဤကိစ္စအားလုံး၏ အဓိကရည်ရွယ်ချက်ကို ချင့်ချိန်တွေးဆနေမိသည်။

ဘုရင့်အိမ်တော်မှ တုံးဝေစခန်းသို့သွားရာလမ်းတွင် အလွန်လူရှုပ်လှသော ရုံးချွင်လမ်းမကို ဖြတ်သွားရလေသည်။ လမ်းက နေ့ရောညပါ စည်ကားလှ၏။ အသပြာပိုလျှံသူများက ဖျော်ဖြေမှုအနုရသတို့ကို ဝယ်ယူကြသည့်နေရာဖြစ်သည်။ ဆောင်ကြာမြိုင်များသာမက၊ (၂၄)နာရီဖွင့်လှစ်သည့် စားသောက်ဆိုင်များနှင့် ဧည့်နားနေဆောင်များလည်း ရှိသည်။ အိပ်မရသူများက ဤနေရာသို့ မကြာမကြာ လာတတ်ကြ၏။

ယင်းက ဤလမ်းမထက်တွင် အရပ်သားပြည်သူများသာမက အဆင့်မြင့်အရာရှိမှူးမတ်များနှင့် ဆွေကြီးမျိုးကြီးများပါ ရှိကြောင်း ဆိုလိုသည်ပင်။

သူသာ လီရှောင်းနေရာ၌ဆိုပါလျှင်... တုံးဝေစခန်းကို ကူညီနေစဉ် ရုတ်တရက် ဘုရင့်အိမ်တော်မီးလောင်နေသည်ကို မြင်လိုက်ရပြီး လုံးဝခိုကိုးရာမဲ့နေသော ကိုယ်ဝန်ဆောင်လီရှောင်းအား အိမ်တော်ထဲတွင် ချန်ရစ်ခဲ့မိသည်ကို သိနေသည်ဆိုပါက မည်သို့လုပ်ဆောင်မည်လဲ...။
(T/N: နာမည် မှားမရေးထားပါဘူး ( ͡° ͜ʖ ͡°) စုန့်စုန့်က လီရှောင်းကို ကိုယ်ဝန်နဲ့ဆိုပြီး တကယ်ကြီး ထည့်စဉ်းစားလိုက်တာပါ ><)

လီရှောင်း ထိခိုက်ဒဏ်ရာမရစေရန် သူ ကျိန်းသေပေါက် မြင်းကို အသော့နှင်ကာ အပြေးပြန်လာမိပေလိမ့်မည်။

ဒါဖြင့်... အရမ်းလူရှုပ်နေတဲ့လမ်းကို ဖြတ်လာရတဲ့အခါ ဘာဖြစ်သွားမလဲ...။
လီရှောင်း အပြန်လမ်းမှာ အဆင့်မြင့်အရာရှိမှူးမတ်တစ်ယောက်ယောက်ရဲ့သားကို သတ်မိသွားရင်ရော...?
စုန့်စုန့်ကို သတ်ရန်က လွယ်သည်။ သို့သော် လီရှောင်းကိုသတ်ရန်တော့ မလွယ်ကူပေ။ လီရှောင်းကို သတ်ချင်ပါက သေချာပေါက် အသက်ကိုပဓာနမထားဘဲ တဇောက်ကန်းလုပ်ဆောင်တတ်သော သူလျှိုတစ်ဖွဲ့ကို ပြည်သူများအဖြစ် ဝတ်စားခိုင်းကာ စိုးရိမ်တကြီး အိမ်သို့ အပြေးပြန်လာနေသည့် လီရှောင်းအား လမ်းပေါ်ရှိ လူတိုင်းကို သတ်မိအောင် လှည့်စားမှရပေလိမ့်မည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now