(၁) ပြန်လည်ရှင်သန်ခြင်း || ပြန်လည် ရှင်သန်ခြင်း

61.6K 5K 156
                                    

{Unicode}

ပြန်လည် ရှင်သန်ခြင်း
*****


စုန့်စုန့် သူ အကန်ခံနေရတာကို ခံစားမိသည်။

ထူးဆန်းတယ်... စုန့်စုန့် တွေးလိုက်မိသည်။ ဒီနှစ်တွေအတွင်းမှာ သူက ဝိညာဉ်အဖြစ်နဲ့သာ မျောလွင့်နေခဲ့ရတာဖြစ်သည်။ သူ့ကလေး အခိုးခံခဲ့ရတဲ့ အချိန်တုန်းကတောင်မှ သူ့ရန်သူရဲ့ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ထိုးဖောက်ဖြတ်သွားဖူးသည်။ လည်ပင်းညှစ်ပစ်ချင်စိတ်က အချိန်တိုင်း အားကောင်းလာခဲ့ပေမဲ့လည်း နောက်ဆုံးအချိန်ထိတိုင် သူက ရန်သူရဲ့လည်ပင်းကိုတောင် လက်တွေ့ မကိုင်ဆုပ်နိုင်ခဲ့ပါချေ။ သူ့ရဲ့ အသိစိတ်လည်း ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်သည်။
ဒါကို ဘာလို့ ရုတ်တရက်ကြီး သူ့မှာ ခန္ဓာကိုယ် ရှိလာသလို ခံစားနေရတာလဲ...

သူ့အတွေး ပြီးဆုံးချိန်မှာပဲ ဆံပင်ကို ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရလေသည်။ မလိုမုန်းထား ယုတ်မာတဲ့ မျက်နှာကြီး တစ်ခုက သူ့မြင်ကွင်းထဲ ဝင်ရောက်လာပြီး သူ့ကို တစ်ခဏ ကြက်သေသေသွားစေသည်။

"သေချင်ယောင်ဆောင်နေတာကို ရပ်လိုက်။"
ထိုလူက ခြိမ်းခြောက်လာသည်။
"အရူးဘုရင်က ငါတို့ ခြံဝင်းထဲတောင် ရောက်နေပြီ။ ဒါက စုန့်မိသားစုအတွက် တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲ။ သန့်စင်မြင့်မြတ်တဲ့ဆေး ရအောင် ကြိုးစားထားရသမျှကလည်း မင်း အဲ့ဒါကို စားလိုက်လို့ မပြီးဆုံးတော့ဘူး။ ဒီည မင်း သူ့ကို ကောင်းကောင်း ပြုစုရမယ်။ မင်း သေချာမလုပ်ရင် ငါ မင်းကို အရေခွံဆုတ်ပစ်မယ်။"

စုန့်စုန့်က သူ့ကိုသာ ကြည့်နေပြီး ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားရကျပ်နေလေသည်။

"အားရှီ"
အချိန်ကိုက်ပင်... နွေးထွေးတဲ့အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းအစ်ကိုကြီးကို မြန်မြန် လွှတ်ပေးလိုက်တော့။"

အားရှီအမည်ရတဲ့ ကောင်လေးက ချက်ချင်း လွှတ်ပေးပြီး စုန့်စုန့်ကို ဆံပင်ကနေ ဆွဲကာ လွှင့်ပစ်သည်။ ဒီခန္ဓာကိုယ်က အရမ်းကို အားနည်းလွန်းသည်။ ဒီအတိုင်းလေး လွှင့်ပစ်ခံရတာကိုတောင် စုန့်စုန့်မှာ မူးဝေသွားရပြီး အမြင်တွေပါ ဝေဝါးလာသည်။ သူ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိပြီး သူ့အရှေ့မှာ ဆံပင်ရှည်ရှည်တွေ အခွေလိုက် ကျနေတာကို မြင်လိုက်ရသည်။ ထိုအရာတွေက ကောင်လေးရဲ့ ပြင်းလွန်းတဲ့ အားကြောင့် ကျွတ်ထွက်သွားရတာတွေပင်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now