(၄၇) ကွညောခကျြ || ကြေညာချက်

18.7K 3K 274
                                    

{Unicode}

ကွညောခကျြ
*****


"တော်လောက်ပြီ။"
ဧကရာဇ်ဟုန့်ရန်က သူတို့ကို စကားဖြတ်ပြောလာသည်။
"ကျန်းတို့ ဒါကို အခုပဲ စာရင်းရှင်းကြမယ်။ ဝမ်ဖေးကို စမ်းသပ်ဖို့အတွက် အင်ပါယာသမားတော်ကို ဆင့်ခေါ်လိုက်တော့။"

စုန့်စုန့်၏ မျက်လုံးများက လီရှောင်းထံ မသိမသာ ရွေ့သွား၏။ လီရှောင်းက သူ့လက်ကို ဖျစ်ညှစ်ကာ ပြောလာသည်။
"မကြောက်နဲ့။"

အင်ပါယာသမားတော်ကြီးက ဖြည်းဖြည်းချင်း အရှေ့တိုးလာပြီး စုန့်စုန့်အား လက်ဆန့်ပေးရန် အမူအရာပြသည်။ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် သူ့အမူအရာက ချက်ချင်းပင် အလွန်အံ့အားသင့်ပုံ ပြသလာပြီး မျက်လုံးများ၌ မယုံကြည်နိုင်ခြင်းတို့ ပြည့်နှက်လာသည်။ ဧကရီသည် သိသိသာသာပင် စိတ်မရှည်နိုင်ဖြစ်နေသော်ငြား ကျကျနန ထိုင်နေသေးကာ အဖတ်မလုပ်သော လေသံနှင့် မေးလာ၏။
"စမ်းသပ်ချက်က ဘာတဲ့လဲ။"

အင်ပါယာသမားတော်က တော်တော်ကလေး မှင်တက်နေပုံရကာ ဖြေကြားလေသည်။
"ကျွန်တော်မျိုး ထင်တာကတော့ စောနက အမှားလုပ်လိုက်မိတယ်ထင်တယ်။ ကျွန်တော် နောက်တစ်ခေါက် ထပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။"

စုန့်စုန့်က ကျေရာကျေကြောင်း ပြောပေးသည်။
"အေးအးဆေးဆေးလုပ်ပါ။"

ဧကရီက ဝန်ကြီးချုပ်ချင်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နှစ်ယောက်စလုံး အကြည့်ပြန်သိမ်းလိုက်ကြ၏။ ဧကရီ၏နှုတ်ခမ်းထောင့်က မြင့်တက်သွားလေသည်။

အင်ပါယာသမားတော်က လီရှောင်းအား စိတ်အနှောင့်အယှက် ပေးမိမည်စိုးသောကြောင့် အသရေဆည်ပေးလိုခြင်း ဖြစ်နိုင်သည်။ ဧကရီ မစဉ်းစားမိဘဲ မနေနိုင်တော့ချေ၊ ဒီကနေ့ လီရှောင်းသာ စိတ်ဖောက်သွားခဲ့ပါလျှင် အရေးကိစ္စများက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းသွားလိမ့်မည်လော...။

အင်ပါယာသမားတော်က စုန့်စုန့်၏ သွေးခုန်နှုန်းကို ထပ်မံစစ်ဆေးပြီး သူ့ခေါင်းကို ထပ်ခါတလဲလဲ ခါသည်။ ဧကရာဇ်ကြီးက ညင်ညင်သာသာ ပြောလာ၏။
"အိုက်ချင်းမှာ ပြောစရာ ရှိရင် တည့်တည့်သာ ပြောလိုက်ပါ။ ဖုံးကွယ်နေစရာ မလိုဘူး။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now