(၂) ခေါ်ဆောင်ခံရခြင်း || ေခၚေဆာင္ခံရျခင္း

36.7K 4.8K 308
                                    

{Unicode}

ခေါ်ဆောင်ခံရခြင်း
*****


သူ နုနုအိအိ အိပ်ရာကို ငုံ့ကြည့်နေမိသည်။ သူ ဒီည အဆင်ပြေမယ်ဆိုတာ သိပေမဲ့လည်း စိတ်တော့ လှုပ်ရှားနေဆဲပင်။

"ခေါင်းမော့ပါ... ဒီဘုရင်က မင်းကို ကြည့်ပါရစေဦး။"

ထိုလူပြောတဲ့စကားကလည်း အရင်ဘဝကနဲ့ ထပ်တူပင်၊ ဒါပေမဲ့ ထိုစဉ်က စုန့်စုန့်ဟာ မော့ကြည့်ဖို့ကို အလွန်တရာ ကြောက်ရွံ့နေခဲ့တာ ဖြစ်သည်။ ထိုညက ဒီလူဟာ အမှောင်ထဲမှာ သူ့မျက်နှာကို မြင်ပြီး မှတ်မိနိုင်ခဲ့ရဲ့လားဆိုတာ သူ သိတောင်မသိပါပေ။

ဒီတစ်ခါတော့ သူ့ခေါင်းကို မော့ပြီး သူ့ကို အတော်ကြာ စိုက်ကြည့်နေတဲ့ လီရှောင်းကို ပြန်ကြည့်လိုက်သည်။ ဒီအကြည့်ဟာ သူ့မျက်နှာကို တစ်လက်မချင်းစီ သေသေချာချာ ကြင်နာစွာ ထွေးပိုက်နေသလို စုန့်စုန့် ခံစားရသည်။ လီရှောင်း ဘာတွေစဉ်းစားနေတယ်ဆိုတာ သူ မသိပေ၊ ထို့ကြောင့် သူလည်း ခေါင်းပြန်ငုံ့လိုက်တော့သည်။

လီရှောင်းက ပြောလာသည်၊ စုန့်စုန့်ကို ခြောက်လှန့်မိမှာ စိုးရိမ်သည့်အလား သူ့အသံက ညင်သာနူးညံ့နေလေသည်။
"မင်းရဲ့ နာမည်က ဘာလဲ။"

"စုန့်စုန့် ပါ။"

"စုန့်အာ..."
ထိုလူက နာမည်ကို အဖျားစွတ် ခေါ်လာပြီး စုန့်စုန့်ရဲ့ နားတွေလည်း မမျှော်လင့်ထားမိစွာနဲ့ပဲ တကြွကြွ ဖြစ်လာရသည်။

သွေးသားတော်စပ်မှုကြောင့်လားတော့မသိပေမဲ့ စုန့်စုန့် ဝိညာဉ်ဘဝနဲ့ နေခဲ့ရစဉ်က စုန့်ကော ခိုးယူသွားခဲ့တဲ့ က​လေးနောက်ကိုသာ လိုက်နေဖို့ သူ တွန်းအားပေးခံခဲ့ရသည်။ လီရှောင်းက မင်းသားလေးကို အလွန်တရာ ချစ်မြတ်နိုးပြီး မကြာခဏဆိုသလို လာတွေ့တတ်သည်။ သူ မြင်လိုက်တိုင်း မှင်တက်ခဲ့ရသည်။ ထိုအချိန်မှာသာ စုန့်စုန့်က ပိုပြီးနီးကပ်စွာနဲ့ မသိမသာ တိတ်တိတ်ကလေး ချောင်းကြည့်နိုင်ခဲ့တာ ဖြစ်သည်။ ထိုသို့ဖြစ်လာချိန်တိုင်း လီရှောင်းဟာ ရုတ်တရက် တစ်ခုခုကို သတိပြုမိသလို ဖြစ်သွားတတ်သည်။ မျက်လုံးတွေ တောက်ပလာပြီး သူ့ခေါင်းကို စုန့်စုန့်ဘက် လှည့်လာကာ တစ်ခါတစ်ရံ အော်ခေါ်တတ်သည်... "စုန့်အာ?"...။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now