29.5K 4.1K 73
{Unicode}
လက်ထပ်ထိမ်းမြားခွင့်အမိန့်စာ
*****
ဧကရာဇ်ရဲ့ စိုးရိမ်ပူပန်မှုတွေအတိုင်းပဲ စုန့်စုန့်လည်း အိမ်ပြန်လမ်းမှာ တွေးဆမိသည်။
သူ့ရဲ့အရင်ဘဝတုန်းကတော့ လီရှောင်းက ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြည်းဖြည်းချင်း ရယူနိုင်ခဲ့တာ ဖြစ်သည်။ ဒါကပဲ သူက အခြားလူတွေကို လွယ်လွယ်နဲ့ အရှုံးပေးမဲ့ ယောက်ျားတစ်ယောက် မဟုတ်တာကို ဖော်ပြနေသည်။ ဒီနေ့ စုန့်စုန့်က လီရှောင်းနဲ့ အလိုက်သင့် ပြုမူခဲ့တယ်ဆိုတာကလည်း လီရှောင်းက ဒီကိစ္စကို အသုံးချပြီး ဧကရာဇ်ရဲ့ သဘောထားကို စမ်းသပ်ကြည့်လိုက်တယ်လို့ သူ ခံစားမိတာကြောင့်ပင်။
ထိုအခိုက်အတန့်မှာ လီရှောင်းက အုပ်ချုပ်ခွင့်ကို တကယ် လက်လွှတ်လိုက်ပြီလို့ ဧကရာဇ်က ထင်သွားနိုင်သည်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒါက လီရှောင်းရဲ့ နောက်ကိုဆုတ်ပြီး အရှိန်ယူလိုက်တဲ့ အကွက်ပင် ဖြစ်သည်။
ဧကရာဇ်ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ပိုပိုဆိုးလာသည်။ ဒါပေမဲ့ စေတနာထားတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်သလို ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်သည်။ လီရှောင်းကလည်း တကယ်တော့ နွံနာမှုမရှိ ပုန်ကန်ပြီး မနာခံတတ်တဲ့ သားတစ်ယောက် မဟုတ်ပေ။ ဒါကြောင့် သူက စောင့်ရင်း ဆောင်းခိုနေကာ ထီးနန်းဆက်ခံဖို့အတွက် လုံးဝစိတ်မဝင်စားသလိုမျိုး ဟန်ဆောင်နေတာ ဖြစ်သည်။ ဒါတွေ အကုန်လုံးက ဘာကြောင့်လဲဆိုတော့ လီရှောင်းက ဧကရာဇ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို သူ့သားတွေကြားက ပဋိပက္ခတွေကို စိုးရိမ်ပူပန်ရင်းသာ ကုန်ဆုံးမသွားစေချင်တာကြောင့်ပင် ဖြစ်သည်။
လီရှောင်းက ရုတ်တရက် စုန့်စုန့်ရဲ့ အတွေးယာဉ်ကြောကို ကြားဖြတ်ပြီး ထုတ်ဖော်ပြောကြားလာသည်။
"ဒီကိစ္စအပေါ်မှာ စုန့်အာကရော ဘယ်လောက် ယုံကြည်မှုရှိလဲ။"
စုန့်စုန့်က အနည်းငယ် စဉ်စားချင့်ချိန်လိုက်ပြီး
"တဝက်စီပါပဲ။"
ဒါကို ပြောတောင် မပြောသင့်ပေ။
လီရှောင်းရဲ့ရှေ့မှာတော့ နိုင်ငံရေးလိုမျိုး အထိအခိုက်မခံတဲ့ အကြောင်းအရာမျိုးကို သူ မပြောရဲပါပေ။ စိတ်ပါလက်ပါ ချစ်ခင်ကြင်နာတာနဲ့ ယှဉ်ရင်၊ ဘာကိုမှ မထိန်းချုပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အရာအားလုံး ပြောပြရမှာထက်စာရင် စုန့်စုန့်ကတော့ လီရှောင်းကို အပြန်အလှန် လေးစားမှုနဲ့သာ ဆက်ဆံချင်သည်။ အခြေအနေနဲ့လိုက်ပြီး ဘယ်လို တင်းတိမ်ရောင့်ရဲရမလဲဆိုတာကို စုန့်စုန့် လုံးဝကို ကောင်းမွန်စွာ နားလည်သည်။
အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now