(၅၂) ငွေရေတွက်ခြင်း || ငွေရေတွက်ခြင်း

18.8K 3K 112
                                    

{Unicode}

ငွေရေတွက်ခြင်း
*****


စုန့်စုန့်၏ဟော့ပေါ့ဆိုင်အား ယောက်ယက်ခတ်စွာပင် တရားဝင်ဖွင့်လိုက်လေပြီ။

ဆောင်းနေ့ရက်များကို ကျော်လွန်လာသော်ငြား နွေဦးအအေးဓာတ်က လုံးဝမှေးမှိန်မသွားသေးပေ။  ဟော့ပေါ့စားရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။ စုန့်စုန့်ကိုယ်တိုင်လည်း တစ်ခါတစ်ခါ သွားစစ်ဆေးတတ်သည်။ ဆိုင်စဖွင့်သည့်နေ့မှစ၍ စားသုံးသူများက ဆိုင်နှုတ်ခမ်းဝအထိပင် ပြည့်လျှံနေ၏။ လူအများအပြား လာစားကြပြီး စုန့်စုန့်၏ကံကောင်းမှုလေး အနည်းငယ်လောက်ကိုဖြစ်ဖြစ် ဖမ်းဆုပ်လိုကြလေသည်။ ထမင်းစားချိန် မဟုတ်သည့်အခါတွင်တောင်မှ ဆိုင်မှာ လူများနှင့်ပြည့်နေတတ်သည်။        

ပြည်သူတို့၏ချီးမွမ်းမှုတို့ကလည်း သောင်းသောင်းဖြဖြပင်။

စုန့်စုန့်သည် တမင်ပြဿနာရှာလိုသည့် သံသယဖြစ်ဖွယ်လူများကို သတိထားရန် ဆိုင်ရှင်အား အထူးတလည် မှာကြားထား၏။ လီရှောင်းက သူ အစိုးရိမ်လွန်နေသည်ကို လှောင်နေသေးသည်။ လတ်တလောတော့ သူ့ကို ခက်ခဲစေရန် ဧကရီထံ၌ အချိန်မရှိသေးပါပေ။

စုန့်စုန့် ပဟေဠိဖြစ်နေမိသည်။
"အရှင် တစ်ခုခု လုပ်ထားပြန်ပြီလား။"

"အခုတော့  'ပြာဋိဟာ' ရဲ့အမှန်တရားကို ဘယ်လိုဖော်ထုတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သူ ဖိစီးနေမှာပေါ့။"

ငွေနှင့် သိက္ခာအမြောက်အမြား ဆုံးရှုံးလိုက်ရပြီးနောက် ဧကရီက ဤကိစ္စကို လွယ်လွယ်နှင့် အလွတ်ပေးမည့်ပုံ မပေါ်ပေ။

....................

ဧကရီသည် သမားတော်ငယ်၏ အကြံအတိုင်း လေ့လာဆန်းစစ်ခဲ့သည်။ အလွန်လျင်မြန်စွာပင် 'ပြာဋိဟာ'၏ မူလအစနှင့် ပတ်သက်သည့် အမှန်တရားကို သူ ရှာတွေ့သွားလေ၏။ ဤဆေးသည် စုန့်စုန့်က ကျိရင်းအား ဖော်စပ်ခိုင်းထားသည့်ဆေး၊ သို့မဟုတ် လီရှောင်း စီစဉ်ခဲ့သည်မှာ ကြာလှပြီဖြစ်ကာ စုန့်စုန့်က လီရှောင်း၏ အာဏာရယူရန် အသုံးချခံလေးဖြစ်သွားခဲ့သည်ဟု သူ ထင်မိခဲ့သည်။ စုန့်စုန့်နှင့် လီရှောင်းကြား သပ်လျှိုသွင်းရန် အချိန်ကောင်းတစ်ခုဟုပင် တွေးခဲ့သေးသည်။    

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now