(၁၄) အလိုလိုက်ခံရခြင်း || အလိုလိုက္ခံရျခင္း

26.4K 4.2K 147
                                    

{Unicode}

အလိုလိုက်ခံရခြင်း
*****


"ကျားသားရေဖုံးထားတဲ့ မြည်းတစ်ကောင်ပဲ၊ သူ့နေရာကို အသုံးချပြီး တခြားလူတွေကို အနိုင်ကျင့်နေတာ!"

ညစာစားပြီးနောက် လီရှောင်းက စုန့်စုန့်နဲ့အတူ သူ(စုန့်စုန့်)နေထိုင်မဲ့ ခြံဝင်းကို သွားကြည့်သည်။ စုန့်သခင်မကတော့ ကျိန်ဆဲနေရင်း ထမင်းစားခန်းမထဲကနေ မခွါနိုင်သေးပေ။

စုန့်ကွော်ကုန်းက မျက်မှောင်ကြုတ်သည်။ သူ့ရဲ့ ဒီသားကို သူ နားမလည်နိုင်သလိုပင်။
သူ ဒီနေ့ ဘာဖြစ်နေတာလဲ...?
အကျင့်စရိုက်ပြောင်းသွားတာက တစ်ခုဆိုပေမဲ့ ညစာထမင်းဝိုင်းမှာ သူ့ကိုယ်ပိုင်မိသားစုရဲ့ အောက်ခံကို အဆက်မပြတ်ရိုက်ချနေတာကတော့ သက်သက်တစ်ခု ဖြစ်သွားပြီလေ...
သူက သူ့ကိုယ်သူ စုန့်မိသားစုဝင်လို့ ဆက်ပြီး မခံယူထားတော့ဘူးလား...

"သူက သူသာ အရူးဘုရင်နောက် လိုက်ရင် ကောင်းကင်ဘုံအထိ တက်နိုင်မယ် ထင်နေတာ မဟုတ်ဘူးလား။ သူတို့က အခုထိ လက်တောင်မထပ်ရသေးဘူး။ သူ ဘယ်လောက်တောင် မောက်မာ ရိုင်းစိုင်းနေတယ်ဆိုတာ ကြည့်စမ်းပါဦး၊ ထမင်းဝိုင်းမှာတောင် ကျွန်မတို့ကို လာပြီး အပြစ်ဆိုနေတာ။ ဒီမျိုးမကောင်းတဲ့ သန္ဓေယုတ်လေးကတော့...! အနှေးနဲ့ အမြန်..."

"ထပ်မပြောနဲ့တော့။"
စုန့်ကွော်ကုန်းက သူ့ကို ကြားဖြတ်ပြောလာပြီး မျက်နှာက အလွန်တရာကို မြင်မကောင်း ရှုမကောင်း ဖြစ်နေလေသည်။

အဆုံးမှာတော့ ဒါက သူ့ရဲ့သွေးသားပင် ဖြစ်နေသေးသည်။
ဒီလိုစကားမျိုးနဲ့ ဆဲရေးလိုက်တာက... ဘာသဘောလဲ...

ဒါပေမဲ့ စုန့်သခင်မကတော့ အရမ်းကို မခံမရပ်နိုင် ဖြစ်နေပြီး သံကုန်မြှင့်အော်လေသည်။
"သူ့ကို ဆဲရေးတော့ရော ဘာဖြစ်လဲ။ သူက အဆင့်နိမ့်တဲ့ ကုန်သည်မရဲ့ ကလေးပဲ။ အမှိုက်ကောင်! သူ့ကိုယ်သူ အရေးပါတဲ့လူလို့ တကယ်ထင်နေတာလား။ အနှေးနဲ့အမြန် သူ သေရလိမ့်မယ်။"

သူ့ရဲ့စကားလုံးတွေက အရမ်းကို ထိခိုက်စေသည်။ စုန့်ကွော်ကုန်းလည်း မျက်လုံးတွေ ပြူးပြီး ထွက်ကျလာတော့မတတ် အရမ်းကို ဒေါသထွက်လာလေသည်။ အင်္ကျီလက်အောက် ဖုံးနေတဲ့ သူ့လက်က တင်းကျပ်သွားပြီး ပြန်ပြေလျော့သွားကာ ထပ်ပြီး တင်းကျပ်လာပြန်သည်။ အဆုံးမှာတော့ စုန့်သခင်မက ဧကရီရဲ့ သွေးရင်းညီမဆိုတာကို သူ သတိရလိုက်တာကြောင့် ခေါင်းကို တစ်ဖက်လှည့်ကာသာ အဝေးကို လျှောက်သွားလေတော့သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now