17.8K 2.8K 98
{Unicode}
မတော်တရော် ဒေါသူပုန်ထခြင်း
*****
ညလယ်နှောင်းပိုင်းရောက်မှသာ နောက်ဆုံးတော့ စုန့်စုန့်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရ၏၊ မူးနေသည်ကို အကြောင်းပြကာ သူ့ကို တစ်ချိန်လုံး လိုက်ကလိနေသည့် လီရှောင်းကြောင့်ပင်။
စုန့်စုန့်နားနားကပ်ကာ ဟိုဟိုသည်သည် ပြောစဉ် လီရှောင်း၏အသံက အလွန်ညင်းပျောင်းပြီး ရယ်မြူးသံတစ်စွန်းတစ်စလည်း ပါနေလေသည်။ အဆုံးတွင် စုန့်စုန့်က သူ့ပါးစပ်ကို လက်နှင့်ကာလိုက်သည့်အခါ ချက်ချင်း ပြန်အနမ်းခံလိုက်ရ၏။ တကယ်ပင် စီးနင်းခံလိုက်ရသည့် စုန့်စုန့်က သူ့ကို မခြိမ်းခြောက်ဘဲ မနေနိုင်တော့။
"အရှင် ဆက်လုပ်နေဦးမယ်ဆိုရင် ကျွန်တော် အရှင့်ကို စကားမပြောတော့ဘူးနော်!"
သူ ပြောလိုက်သည်က ထိရောက်၍လား၊ သို့မဟုတ် လီရှောင်းကပဲ တကယ် ပင်ပန်းလာ၍လားမသိ၊ နောက်ဆုံးတွင် ထိုလူကြီးက စိတ်ငြိမ်သွားပြီး စုန့်စုန့်ကို အိပ်ခွင့်ပေးလေသည်။
....................
သူ နိုးလာသည့်အခါ နေပင်မြင့်နေလေပြီ။ သူ့နံဘေးတွင် လီရှောင်းလည်း မရှိတော့။ မီးဖိုပေါ် တင်နွှေးထားသည့် စွပ်ပြုတ်က အထိခံထားရပြီး စောစောထသည့်လူကြီး စားထားသည်ဆိုသည်မှာ သိသာလှ၏။ စုန့်စုန့်လည်း အစေခံများကို ဆေးကြောခိုင်းလိုက်ပြီး သူ့နံနက်စာကို စားပြီးနောက် မကြာမီမှာပင် ထွေးခံထဲသို့ အပြေးအန်ရပြန်သည်။ ခေတ္တလဲလျောင်းကာ အားမပါစွာ အနားယူပြီးနောက် တဖြည်းဖြည်း အားပြည့်လာမှ သူ့ပန်းပင်တို့ကို သွားပြုစုရတော့သည်။
များမကြာမီ အိမ်ရှေ့စံ အလည်အပတ်ရောက်ရှိလာကြောင်း တစ်ယောက်က သတင်းလာပို့လေသည်။ စုန့်စုန့်လည်း တစ်ခဏအံ့ဩသွားရပြီးနောက် ခပ်ဟဟရယ်ကာ ပြောလိုက်၏။
"သူ့ကို ခဏလောက် စောင့်ခိုင်းပေးပါဦး။"
အကုန်သိမ်းဆည်းပြီး ထွက်လာသည့်အခါ အိမ်ရှေ့စံက လက်ဆောင်လေးတစ်ခုနှင့်အတူ အနားရောက်လာလေသည်။ သူ့မျက်နှာတွင် ရှက်ရွံ့မှုအချို့ ရှိနေ၏။
"မနေ့က ကျွန်တော် မူးသွားပြီး ယောက်ဖတော်ကို အပြစ်ပြုမိခဲ့သလားမသိတာကြောင့် လာတောင်းပန်တာပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။"
အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now