(၅၆) သဘောထားကွဲလွဲမှု || သေဘာထားကြဲလြဲမႈ

18.7K 2.9K 145
                                    

{Unicode}

သဘောထားကွဲလွဲမှု
*****


လီရှောင်း၏အသံက အလွန်တိုးလျနေပြီး တမင်ရည်ရွယ်သော ခြိမ်းခြောက်မှု ပါဝင်နေသော်ငြား သူ့စကားလုံးများကို ကြားလိုက်ရသည့် စုန့်စုန့်ကတော့ လုံးဝမကြောက်ပေ။ မျက်နှာကို တစ်ဖက်လှည့်ကာ လီရှောင်းအား လျစ်လျူရှုထားလေသည်။ သူ့ဝမ်းဗိုက်ပေါ်ရှိနေသည့် လက်က အပေါ်သို့ ရွေ့လာပြီး သူ့နံသားနားပင် ရောက်လာ၏။

လီရှောင်း၏ လှုပ်ရှားမှုတို့က အလွန်နှေးသော်လည်း စုန့်စုန့်သည် သူ ဘာလုပ်တော့မည်ကို အလျင်အမြန် သဘောပေါက်သွား၏။ ထိုလက်က ဦးတည်ရာသို့ မရောက်သေးသော်ငြား သူ့ခန္ဓာကိုယ်၏ ယားလွယ်သောနေရာများက စတင်တုံ့ပြန်လာတော့သည်။

စုန့်စုန့် အကျယ်ကြီး အော်ရယ်လိုက်မိပြီး တစ်ဖက်ဘက်သို့ လှည့်ခွေကာ လက်ကို ပိုက်ထားလိုက်ရသည်။
"ဘာတွေလုပ်နေတာလဲလို့?"

သူက လီရှောင်းကို ကျောပေးထားလေသည်။ ဤနောက်ကျောမြင်ကွင်းမှဆိုလျှင် သူက အန္တရာယ်မပြုတတ်သည့် အကောင်ငယ်လေးနှင့်ပင် တူ၏။ လီရှောင်းက အနားတိုးသွားပြီး စုန့်စုန့်ပေါ် သက်တောင့်သက်သာပင် လက်တစ်ဖက်တင်လိုက်ကာ တစ်ဖက်လူကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလေသည်။ သူက စုန့်စုန့်၏နားထဲသို့ ခပ်ဖွဖွလေမှုတ်ကာ ဆွဲဆောင်နိုင်သော အသံဩဩဖြင့် ပြော၏။
"စုန့်အာက အရမ်းဆိုးတာပဲ။"

စုန့်စုန့်တစ်ယောက် သူ့နားရွက် ထုံထိုင်းသွားသယောင် ခံစားလိုက်ရပြီး ခေါင်းကို ဆတ်ခနဲရှောင်လိုက်မိသည်။ သို့သော် လီရှောင်းက ခပ်မြန်မြန်ပင် လှမ်းထိန်းလိုက်၏။
"ဒဏ်ရာကို သတိထားဦးလေ။"

သူလည်း တကယ်ပင် စူးခနဲနာကျင်သွားသောကြောင့် နာခံစွာ မလှုပ်တော့ပေ။ ယခုစဉ်းစားလျှင်တောင် သူ့ထံတွင် ကြောက်စိတ်တို့ကျန်ရှိနေသေး၏။ အသက်ဘေးမှ ဆံတစ်မျှင်စာ လွတ်သွားခဲ့သည်ပင်။ ထိုဓားကသာ တစ် လက်မမျှ ပိုမိုနီးကပ်ခဲ့ပါလျှင် သူ့လည်ပင်းက သွေးဆို့ရုံလောက်နှင့် မပြီးနိုင်တော့၊ သွေးများပန်းထွက်သည်အထိပင် ဖြစ်သွားခဲ့ပေလိမ့်မည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now