(၁၇) အတားအဆီး || အတားအဆီး

26.8K 3.9K 195
                                    

{Unicode}

အတားအဆီး
*****


စုန့်စုန့်နဲ့ သိသိသာသာကို ဆင်တူတဲ့ စုန့်ကောရဲ့ မျက်နှာက ဖြူဖျော့သွားသည်။ သူ ဖြည်းဖြည်းချင်း ပြန်လှည့်လာတာနဲ့အညီ မျက်တောင်တွေက တဖျပ်ဖျပ် လှုပ်ခါနေပြီး မင်လိုမည်းနက်နေတဲ့ မျက်လုံးတွေက စုန့်စုန့်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ထိုမျက်လုံးတွေထဲမှာတော့ တစ်စုံတစ်ခုက ပြည့်လျှံနေသလိုပင်။

ပြီးတော့ မယုံကြည်နိုင်ခြင်းတွေ...

စုန့်စုန့် လုပ်လိုက်တာကို ကြည့်စမ်းပါဦး... စုန့်စုန့်က သူ့ကို တကယ်ကြီး ရိုက်ရဲတယ်...?

သူ ရူးသွားပြီလား...?

ဒါပေမဲ့ ဒီအတွေးတွေက အပြုံးတစ်ပွင့်ရဲ့ နောက်ကွယ်မှာပဲ ချုပ်လှောင်ခံလိုက်ရသည်။ စုန့်ကောက သူ့နှုတ်ခမ်းထောင့်ကို လျှာနဲ့သပ်လိုက်ပြီး
"အားစုန့်က တော်တော်လေးကို စိတ်ဆတ်လာတာပဲ..."

"အားလုံးက ဝမ်ရယ့်ရဲ့ အလိုလိုက်မှုတွေကြောင့်ပါပဲ။"
စုန့်စုန့်က လက်နှစ်ဖက်စလုံးကို ပြန်သိမ်းလိုက်ကာ အင်္ကျီလက်နှစ်ဖက်ကို သိမ်းစုပြီး ပြောလာသည်။
"မင်း ဟိုမှာ သွားထိုင်လို့ရတယ်။"

စုန့်ကောက စုန့်စုန့် စိတ်လှုပ်ရှားနေတာကို စုန့်စုန့်ရဲ့ တုန်ယင်နေတဲ့လက်ချောင်းတွေကနေတစ်ဆင့် သိလိုက်သည်။ ဒါကြောင့် သူ အမြန်ပြုံးလိုက်ပြီး နေမြဲနေရာမှာပဲ နေကာ ဆက်ပြောသည်။
"အစ်ကို ကျွန်တော့်ကို မုန်းတယ် မဟုတ်လား?"

စုန့်စုန့် တကယ်ကို စိတ်လှုပ်ရှားနေသည်၊ ဒါကလည်း သူ အရမ်းကို နိုးကြားတက်ကြွနေတာကြောင့် ဖြစ်သည်။ ဒါက သူ စုန့်ကောကို ရိုက်လိုက်နိုင်တဲ့ ပထမဆုံးသော အကြိမ်ပင်။ သူ အသတ်ခံခဲ့ရပြီးတဲ့ နှစ်မှာ သူ စုန့်ကောကို ယခုလိုမျိုး အလားတူ လုပ်ဖို့ အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ဖူးသည်။ ဒါပေမဲ့လည်း အကြိမ်တိုင်းမှာ သူက စုန့်ကောရဲ့ ခန္ဓာကိုယ်ကိုသာ ဖောက်ထွက်သွားခဲ့သည်။ အခုတော့ သူ စုန့်ကောကို တကယ် ထိလိုက်နိုင်ပြီ၊ စုန့်စုန့်တစ်ယောက် နောက်ဆုံးအချိန်မှာ သူ့လက်တွေနဲ့ သူကိုယ်တိုင် စုန့်ကောကို သေတဲ့အထိ ဓားနဲ့ထိုးစိုက်သတ်တဲ့အခါ ရလာမဲ့ ရင်ဖိုစိတ်လှုပ်ရှားမှုကိုတောင် စိတ်ကူးကြည့်မိသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now