(၉) ဆင့်ခေါ်ခြင်း || ဆင့္ေခၚျခင္း

29.3K 4.3K 284
                                    

{Unicode}

ဆင့်ခေါ်ခြင်း
*****


စုန့်စုန့်ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် တုန်ယင်နေသလို ဖြစ်နေပေမဲ့ သူ့မျက်လုံးတွေကတော့ ခန္ဓာကိုယ်နဲ့ လုံးဝကို ခြားနားစွာပဲ အလောသုံးဆယ် ဖြစ်နေလေသည်။

လီရှောင်းရဲ့ အမူအရာက ရုတ်တရက် ရှုပ်ထွေးသလို ဖြစ်သွားသည်။ စုန့်စုန့်လည်း သူ ထပ်ပြီး နောင်တရမှာကို စိုးတာကြောင့် အမြန်ရှေ့ဆက်တိုးလိုက်ပြီး သူ့ခါးစည်းကို လှမ်းကိုင်လိုက်သည်။
"အရှင်..."

လီရှောင်းရဲ့ လက်တွေက နေမြဲအတိုင်းသာ ရှိနေဆဲဖြစ်ပြီး တစ်ခုခုကို ခက်ခက်ခဲခဲ ဖိနှိပ်ထားပုံပေါ်ကာ သူမျှော်လင့်ထားတာနဲ့ လက်တွေ့ဖြစ်လာတာနဲ့ ကြားမှာ လက်သင့်မခံနိုင်လောက်တဲ့ ကွာဟချက်ကြီး ရှိနေသလိုပင်။ စုန့်စုန့် အတိတ်ဘဝကို ပြန်တွေးမိသည်။
အကယ်၍... လီရှောင်းက ရဲတင်းပြီး လက်ရဲဇက်ရဲနိုင်တဲ့လူတွေကို မကြိုက်ဘူးဆိုရင်ရော...?

နားမလည်နိုင်တော့ဘူး...
သူ့လိုယောက်ျားမျိုးက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အထိန်းအကွပ်တော့ လွတ်ချင်မှာ မဟုတ်ဘူး...

စုန့်စုန့် ရုတ်တရက် အနည်းငယ် အနေခက်လာမိသည်။ သူ လီရှောင်းကို ချဉ်းကပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြဖို့ ခက်ခဲတယ်ဆိုတာ သူ သိသည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ တကယ်ကို ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ လီရှောင်းက မသိပေ။ ဒါကြောင့် သူ့ရဲ့ ရဲတင်းလှတဲ့ ချီစစ်ဟာ သူက နှစ်သက်ခြင်းကို ရရှိဖို့ တက်ကြွထက်သန်စွာ ကြိုးစားနေတဲ့ အမျိုးသားအချစ်တော်လေး ဖြစ်နေတာကြောင့်လို့သာ ထင်ရပေမည်။

ဒီလို တွေးကြည့်လိုက်မှသာ စုန့်စုန့်လည်း အနည်းငယ် စိတ်သက်သာတော့သည်။

"အရှင် စိတ်မဝင်စားရင်၊ ဒါဆို ဒီအတိုင်းလေးပဲ မသိဟန်ဆောင်ပေးပါ... ကျွန်တော်..."
သူ ဝေဝေဝါးဝါးနဲ့ပဲ သူ့လက်ကို ပြန်ရုတ်လိုက်ရင်း ထူးဆန်းတဲ့ လေထုကြီးကို ဖြေလျှော့ဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ လီရှောင်းက ရုတ်တရက် အားသုံးကာ စုန့်စုန့်ကို သူ့လက်မောင်းတွေကြား ဆွဲလိုက်လေသည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now