(၇၂) မကြောက်နဲ့ || မေၾကာက္နဲ႔

18.5K 3K 297
                                    

{Unicode}

မကြောက်နဲ့
*****


စုန့်စုန့်က အချိန်နှင့်အိပ်၊ အချိန်နှင့်စားသည်။ တိုင်းရေးပြည်ရေးကိစ္စများကိုတော့ သူ နားသာနားထောင်ပြီး မည်သည့်ထင်မြင်ချက်မျှ မပေးပေ။ အနည်းဆုံးတော့ ယင်းက အခြားလူများရှေ့တွင် ဖြစ်သည်။

မှတ်တမ်းရေးရာဝန်ကြီးသည် လီရှောင်း၏နေ့စဉ်စကားလုံးများ၊ လုပ်ငန်းဆောင်တာများကို မှတ်တမ်းတင်ရမည့်တာဝန်ရှိသော်လည်း သူ့ကို ဧကရီ၏အတွင်းခန်းအတွင်းသို့ ကြုံရာကျပန်းဝင်ထွက်ခွင့်မပြုသေးပေ။ သူတို့နှစ်ဦးစလုံးက ယောက်ျားသားများဖြစ်ကြသော်ငြား နိဂုံးချုပ်လိုက်သော် ဧကရီသည် ဧကရာဇ်အပိုင် ဖြစ်သည်။ သံသယဝင်ခံနိုင်ရချေမှန်သမျှကို သူ ရှောင်ရှားရပေမည်။

စုန့်စုန့်သည် လီရှောင်းနှင့် တိုင်းရေးပြည်ရေး မဆွေးနွေးသော်ငြား သူတို့နှစ်ဦးတည်းသာရှိသည့်အခါမျိုးတွင်တော့ တစ်ခါတစ်ရံ လီရှောင်းက သူ့ကို တစ်ခုခုဝင်ပြောစေသေးသည်။

သူ့ခန္ဓာကိုယ် ပိုမိုလေးလံလာသည်နှင့်အတူ ရာသီဥတုကလည်း ပို၍နွေးထွေးလာကာ လီရှောင်းက အခြားမည်သူ့ကိုမျှ သူ့ကို ထိခွင့်မပေးတော့။ သူကိုယ်တိုင်ပင် စုန့်စုန့်ကို ရေချိုးသန့်စင်ပေးပြီး အခြားကိစ္စဝိစ္စများကိုလည်း သူသာ လုပ်ပေးလေသည်။

စုန့်စုန့်လည်း လီရှောင်းက ညီလာခံအများအပြား တက်ရသေးသည်ဟူသော ဆင်ခြေပြကာ ယခင်ကတော့ ငြင်းဆန်သေးသည်။ သည်လိုနှင့် လီရှောင်းက စုန့်စုန့်ကိုပါ ညီလာခံကိစ္စများ အတူဝိုင်းကူခိုင်းပြီး စုန့်စုန့်ကို ဆွံ့အသွားစေ၏။

....................

"စုန့်ကောပျောက်သွားတယ်လို့ ကြားတယ်။"
စုန့်စုန့်သည် ရေချိုးသန့်စင်ပြီးနောက် ရေစုပ်သည့်စောင်ကြီး ပတ်ထား၏။ ရေစိုနေသောဆံနွယ်ရှည်တို့ကို ဖြန့်ချထားသည်။ လီရှောင်းက သူ့ကို ထိုင်ခိုင်းပြီး တဘက်တစ်ထည်နှင့် ဖြည်းဖြည်းချင်း ရေသုတ်ပေးလေသည်။
"သူ မြောက်ဘက်ယွန်းယွန်းကို ဦးတည်သွားပုံပဲ။ အခုဆို သုံးလေးရက်လောက်ရှိပြီပေါ့။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now