(၃၃) မကျေနပ်ချက် || မေက်နပ္ခ်က္

22K 3.3K 227
                                    

{Unicode}

မကျေနပ်ချက်
******


ရက်အတန်ကြာအောင် ဆက်လက်နှင်းကျနေဆဲဖြစ်ပြီး တစ်ခါတစ်ရံ နှင်းများသလို၊ တစ်ခါတစ်ရံတော့ နှင်းကျဲတတ်သည်။ ရံဖန်ရံခါဆိုလျှင် လေပြင်းများနှင့်ပါ ရောနှောနေတတ်သေးသည်။ ဤရက်ပိုင်းအတွင်း လီရှောင်းသည် အပြင်သို့ တစ်ကြိမ်သာ ထွက်၏။ ကျန်ရှိသည့်အချိန်အများစုကို အခန်းတွင်း၌သာ ကုန်ဆုံးကာ လျှို့ဝှက်လမ်းစဉ်များကို စုန့်စုန့်နှင့်အတူ 'ဆွေးနွေး' လေသည်။

သည်မနက်တွင်မူ စုန့်စုန့် စင်စစ် ခံနိုင်ရည် မရှိတော့ချေ။ လီရှောင်း အာရုံမရှိသည့်အချိန်တွင် သူ့ကိုယ်သူ ပိုးအိမ်အကြီးကြီးတစ်ခုသဖွယ် တင်းကျပ်စွာ သိမ်းထုပ်ထားတော့၏။ ယခုတစ်ခေါက်တွင် သူ့ကို အခွံနွှာရန် လီရှောင်း တကယ်ပင် အခက်တွေ့ရချေပြီ ဖြစ်သည်။

စုန့်စုန့်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေကာ ခေါင်းကိုသာ ဖော်ထားသည်။ ကျောပေးထားပြီး လီရှောင်းကို တစ်ချက်ကလေးမျှ လှည့်ကြည့်မလာတော့ပေ။ လီရှောင်းက အိပ်ရာဘေးတွင် ထိုင်ကာ ပြောလာသည်။
"စားသောက်ဖို့ မထတော့ဘူးလား။"

စုန့်စုန့်က မကြားချင်ယောင်ဆောင်သည်။ ဤရက်ပိုင်း ဆွေးနွေးမှုများအတွင်း လီရှောင်း၏ စကားလုံးများ၊ အပြုအမူများအရ 'လီရှောင်းက မစွမ်းဆောင်နိုင်' ဟူသော သူ၏ အရိပ်ပြမှုသည် လီရှောင်းကို ရန်စမိသယောင် ဖြစ်သွားကြောင်း သူ တွေ့ရှိခဲ့ရသည်။ ဤလူကြီးက ဤကိစ္စအား မည်မျှအလေးထားသည်ကို အဆုံး၌ သူ နားလည်သဘောပေါက်ခဲ့ရပြီး ထိုလူကြီး၏ တစ်နည်းတစ်ဖုံဖြင့် သက်သေပြရန် စူးစိုက်နှစ်မြှုပ်ထားမှုကိုပင် အထင်ကြီးမိသွားရသည်။

ဤအခိုက်တွင် သူသာ အစာစားရန် အပြင်ထွက်လာမိပါက သူ ပြန်လာသည့်အခါ ကျိန်းသေပေါက် သူကိုယ်တိုင်ပင် အငမ်းမရ ဝါးမျိုခံလိုက်ရပေလိမ့်မည်ကို စုန့်စုန့် သိသည်။ စုန့်စုန့် တကယ့်ကို ခံနိုင်ရည် မရှိတော့ချေ။

"စုန့်အာ"
သူ စကားပြန်မပြောသည်ကို မြင်သည့်အခါ လီရှောင်းက သူအပါအဝင် စောင်ထုပ်ကြီးကို လှမ်းဆွဲသည်။ အမှတ်အသားများနှင့် ပြည့်နှက်နေသည့် စုန့်စုန့်၏ ခန္ဓာကိုယ်သည် စောင်ထဲတွင် နူးညံ့စွာ ရှိနေပြီး လီရှောင်းနှင့် အကြည့်ချင်းဆုံရန် အတင်းစေခိုင်းခြင်း ခံရလေတော့သည်။ သူ ဗလုံးဗထွေးရေရွတ်လိုက်သည်။
"ကျွန်တော် ဗိုက်မဆာဘူး။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now