(၇၄) တိုင်တန်းခြင်း || တိုင်တန်းခြင်း

18.2K 2.8K 324
                                    

{Unicode}

တိုင်တန်းခြင်း
*****


ယခင်ဘဝ၌ ဖြစ်ပျက်ခဲ့သည်များက စုန့်စုန့်ကို အတော်လေးအထိနာစေခဲ့၍ဖြစ်နိုင်သည်၊ ယခုအချိန်တွင်တော့ သူက မင်းသားငယ်လေးကို အစစအရာရာ အပြည့်အဝ ဂရုစိုက်ပေးလေသည်။

သူက အလွန်အာရုံစိုက်တတ်သောသူတစ်ဦးလည်းဖြစ်ရာ မင်းသားငယ်လေးကို စောင့်ရှောက်ရသည်က လွယ်ကူချောမွေ့လျက်ရှိ၏။

မင်းသားလေးကို မဖိမိစေရန် ပုခက်ကို အိပ်ရာခေါင်းရင်းတွင်သာ ထားသည်။ သို့သော် ကလေးတစ်ယောက်ရှိနေသောကြောင့် သူ အအိပ်ဆတ်လာ၏။ သို့ဖြစ်ရာ မောင်းထုတ်ခံထားရသည့် လီရှောင်းလည်း အိပ်ရာပေါ် မတက်နိုင်သေးဘဲ ဖြစ်နေရှာသည်။ သူ တက်ရန်ကြိုးစားလိုက်ချိန်တိုင်း ချက်ချင်းပင် ကန်ထုတ်ခံရလေသည်။

ပုံမှန်ဆိုလျှင် စုန့်စုန့်က သိမ်မွေ့နွေးထွေးပြီး ရန်လိုစိတ်မရှိတတ်ပေ။ သို့သော် သူ တကယ် စိတ်ဆိုးဒေါသထွက်သည့်အခါတွင်တော့ သူ စိတ်ပြန်လည်ကြည်လင်ပျော်မွေ့လာအောင် လုပ်ပေးရန် အလွန်တရာခက်ခဲလှသည်ကို လီရှောင်း သိလိုက်ရ၏။

အကြိမ် (၈၀၀)နီးပါး တောင်းပန်သည်ကပင် မထိရောက်။ သူ ထိုင်ခုံပေါ်တွင်သာ အိပ်နေရဆဲဖြစ်သည်။

စုန့်စုန့်က သူ့ကို အခန်းထဲသို့ ဝင်ခွင့်ပေးသည်မှာလည်း ဧကရာဇ်ဟူသော မျက်နှာကို ထောက်ထားသောကြောင့်သာ။ ထို့ပြင် နွေရာသီအပူချိန်ကလည်း သာယာနေရာ ညဘက်တွင် သူ အအေးမမိနိုင်ပေ။ သို့သော် ခုံမာမာကြီးက နူးညံ့သည့်အိပ်ရာလောက် သေချာပေါက် သက်တောင့်သက်သာမဖြစ်သည့်အပြင် သူ့အချစ်လေးကိုပင် သူ ဖက်ချင်သည့်အချိန် ဖက်၍မရ။

....................

ဧကရာဇ်ဟုန့်ရန် နတ်ရွာစံသွားသည့်အချိန်မှစ၍ မယ်တော်ကြီး — သို့မဟုတ် ယခုတော့ အဘွားတော်က မြို့ပြင်ရှိ တိတ်ဆိတ်ငြိမ်သက်သောခြံဝင်းသို့ ပြောင်းရွှေ့နေထိုင်နေသည်။ နေ့စဉ်နေ့တိုင်း အသက်သတ်လွတ်စားကာ ဘုရားဝတ်ပြုသည်။ စုန့်စုန့်နှင့် လီရှောင်းကလည်း သူ့ထံ မကြာခဏ စာပို့ကာ နှုတ်ခွန်းဆက်တတ်ကြ၏။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now