ဇာတ်ကောင်မိတ်ဆက် နှင့် A/N

10.7K 383 9
                                    

Unicode

သစ်တောသစ်ပင်တွေကို ချစ်တတ်ပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေချင်သူ...

ရိုးမတောကြီးထဲကိုဝင်ရောက်ပြီး ဒီတောကြီးရဲ့အရိုင်းဆန်တဲ့ သဘာဝအလှအပကို မြင်ချင်သူ ကြည့်ချင်သူ...

တကယ်တမ်း တောကြီးထဲကို သွားရောက်ခွင့်ရတဲ့အခါ သူရင်ဆိုင်တွေ့ကြုံရမှာတွေက ဘာတွေလဲ....

ရိုးမတောကို ချစ်ခဲ့သူ စောင့်ရှောက်ချင်သူ မိုးသစ်တောဆိုတဲ့ ကောင်လေးတစ်ယောက်အတွက် ရိုးမတောကြီးက ပြန်ပြီးပေးခဲ့တဲ့လက်ဆောင်က ဘာများလဲ....

သဘာဝတရားကြီးရဲ့ နက်ရှိုင်းတဲ့ရင်ခွင်ထဲကနေ မိုးသစ်တော ရရှိခဲ့တဲ့ တစ်စုံတစ်ခုဟာ သူ့ဘဝကို ဘယ်လိုပြောင်းလဲစေမှာလဲ....

.
.
.
A/N

ကိုယ်တိုင် ရိုးမတောခြေမှာ ခဏတာ နေခဲ့ဖူးပါတယ်။
အနောက်ရိုးမက တကယ်လှပါတယ်။
တောကြီးထဲဝင်ရောက်ဖူးခဲ့တဲ့ ဦးကြီး ဦးလေးတွေရဲ့ ပုံပြင်လို အပြောအဆိုတွေကို ယနေ့ထိမမေ့နိုင်တဲ့သူပါ။
ကိုယ်တိုင်ကြားခဲ့ဖူးတာနဲ့မြင်ခဲ့ဖူးတာကို စိတ်ကူးယဥ်ဇာတ်လမ်းဖန်တီး ရေးသားခဲ့ပါတယ်။
ကြိုးစားရေးသားထားပါတယ်။
ကျွန်းပင်တွေကြား နေရောင်မမြင်ရတဲ့ အေးစိမ့်စိမ့်ရိုးမအခြေရွာလေးကို အများကြီးအမှတ်တရဖြစ်ပြီး ရေးပါတယ်။
တစ်စုံတစ်ခု အမှားအယွင်းပါခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။
တကယ့်လက်တွေ့ ဖြစ်ရပ်မှန်ကိုရေးတာ မဟုတ်သလို သမိုင်းကြောင်းလဲ မဟုတ်ပါဘူး... မှတ်တမ်းလဲ မဟုတ်ပါဘူး။
ကိုယ်တိုင်နေထိုင်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်လေးကို သတိရတာရယ်.... ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင်​ပြောင်းလဲမှုတွေကို မချင့်မရဲဖစ်နေရတာကြောင့် ရေးမိပါတယ်။
ဒီဇာတ်လမ်းဟာ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး ကိုယ့်ရဲ့စိတ်ကူးပေါင်းစပ်ဖန်တီးထားခြင်းပါ။

ကျေးဇူးတင်ပါတယ်။
၁၈...၁၀...၂၀၂၁
😍

Zawgyi

သစ္ေတာသစ္ပင္ေတြကို ခ်စ္တတ္ၿပီး သဘာဝပတ္ဝန္းက်င္ကို မပ်က္စီးေစခ်င္သူ...

ရိုးမေတာႀကီးထဲကိုဝင္ေရာက္ၿပီး ဒီေတာႀကီးရဲ႕အရိုင္းဆန္တဲ့ သဘာဝအလွအပကို ျမင္ခ်င္သူ ၾကည့္ခ်င္သူ...

တကယ္တမ္း ေတာႀကီးထဲကို သြားေရာက္ခြင့္ရတဲ့အခါ သူရင္ဆိုင္ေတြ႕ႀကဳံရမွာေတြက ဘာေတြလဲ....

ရိုးမေတာကို ခ်စ္ခဲ့သူ ေစာင့္ေရွာက္ခ်င္သူ မိုးသစ္ေတာဆိုတဲ့ ေကာင္ေလးတစ္ေယာက္အတြက္ ရိုးမေတာႀကီးက ျပန္ၿပီးေပးခဲ့တဲ့လက္ေဆာင္က ဘာမ်ားလဲ....

သဘာဝတရားႀကီးရဲ႕ နက္ရွိုင္းတဲ့ရင္ခြင္ထဲကေန မိုးသစ္ေတာ ရရွိခဲ့တဲ့ တစ္စုံတစ္ခုဟာ သူ႕ဘဝကို ဘယ္လိုေျပာင္းလဲေစမွာလဲ....

.
.
.

A/N

ကိုယ္တိုင္ ရိုးမေတာေျခမွာ ခဏတာ ေနခဲ့ဖူးပါတယ္။
အေနာက္ရိုးမက တကယ္လွပါတယ္။
ေတာႀကီးထဲဝင္ေရာက္ဖူးခဲ့တဲ့ ဦးႀကီး ဦးေလးေတြရဲ႕ ပုံျပင္လို အေျပာအဆိုေတြကို ယေန႕ထိမေမ့နိုင္တဲ့သူပါ။
ကိုယ္တိုင္ၾကားခဲ့ဖူးတာနဲ႕ျမင္ခဲ့ဖူးတာကို စိတ္ကူးယဥ္ဇာတ္လမ္းဖန္တီး ေရးသားခဲ့ပါတယ္။
ႀကိဳးစားေရးသားထားပါတယ္။
ကြၽန္းပင္ေတြၾကား ေနေရာင္မျမင္ရတဲ့ ေအးစိမ့္စိမ့္ရိုးမအေျခ႐ြာေလးကို အမ်ားႀကီးအမွတ္တရျဖစ္ၿပီး ေရးပါတယ္။
တစ္စုံတစ္ခု အမွားအယြင္းပါခဲ့ရင္ နားလည္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။
တကယ့္လက္ေတြ႕ ျဖစ္ရပ္မွန္ကိုေရးတာ မဟုတ္သလို သမိုင္းေၾကာင္းလဲ မဟုတ္ပါဘူး... မွတ္တမ္းလဲ မဟုတ္ပါဘူး။
ကိုယ္တိုင္ေနထိုင္ခဲ့ဖူးတဲ့ ပတ္ဝန္းက်င္ေလးကို သတိရတာရယ္.... ကိုယ္တိုင္က သဘာဝပတ္ဝန္းက်င္​ေျပာင္းလဲမႈေတြကို မခ်င့္မရဲဖစ္ေနရတာေၾကာင့္ ေရးမိပါတယ္။
ဒီဇာတ္လမ္းဟာ ပုံျပင္တစ္ပုဒ္ကို အေျခခံၿပီး ကိုယ့္ရဲ႕စိတ္ကူးေပါင္းစပ္ဖန္တီးထားျခင္းပါ။

ေက်းဇူးတင္ပါတယ္။
😍

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now