Chapter3(Unicode&Zawgyi)

3K 222 2
                                    


'သူမက ရွာကထွက်လာတာ ဟုတ်တယ်မလား?'

'သူမက ဘယ်လိုလုပ်ပြီး တအားဟန်ဆောင်ကောင်းရတာလဲ?'

လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေ၏။

ကျောင်းကို ရောက်သည့်အခါ ကျောင်းတွင် ကျောင်းသားအများကြီးမရှိပေ။

မုချင်းယောင်သည် ရွှီရှင်းတောတစ်ယောက် ခရီးဆောင်အိတ်ကို သယ်ဆောင်ထားနေဆဲဖြစ်ကြောင်း တွေ့သည့်အခါ သူမရုတ်တရက်ပြော၏ "ရွှီရှင်းတော ငါနင့်ကို ကျောင်းပတ်ပတ်လည် လိုက်ပြခွင့်ပြုပါ"

"ဟင့်အင်း" ရွှီရှင်းတောတစ်ယောက် အေးတိအေးစက် ပြန်ဖြေလိုက်သည်။

ကျားဟွာနိုင်ငံတကာကျောင်းတွင် ရေကူးဝတ်စုံများ၊
တင်းနစ် ဝတ်စုံများ၊ ဘတ်စကတ်ဘောဝတ်စုံများ စသည်ဖြင့် မတူညီသော ယူနီဖောင်းအမျိုးအစားများစွာရှိလေသည်။ ကျောင်းသားများ၏ ယူနီဖောင်းများကို သူတို့ကိုယ်ပိုင် ဗီဒိုငယ်ထဲတွင် ထည့်ထားကြသည်။ ရွှီရှင်းတောသည် ရောက်ခါစဖြစ်ပြီး ထိုဝတ်စုံများကို ခရီးဆောင်အိတ်ဖြင့်သာ သယ်ဆောင်နိုင်လေသည်။

မုချင်းယောင်သည် သူမနှင့် ချစ်သံယောဇဉ်ရှိသယောင် သူမ၏လက်မောင်းကို ရုတ်တရက်ကြီးကိုင်ကာ ပြော၏ "လာပါ ငါတို့ရဲ့ကျောင်းက ကြီးတယ်။ တကယ်လို့နင်ကျောင်းထဲမှာ လမ်းပျောက်သွားရင် ငါတို့ရဲ့မိဘတွေက ငါ့ကို အပြစ်တင်လိမ့်မယ်။ နင်သိပါတယ် တကယ်လို့ ငါနင့်ကြောင့်အဆူခံရရင် ငါ မတရားမှုကြောင့် ငါသေလိမ့်မယ်!"

ရွှီရှင်းတောသည် ရွေးချယ်စရာမရှိတော့ဘဲ ကျောင်းထဲတွင် သူမ၏ခရီးဆောင်အိတ်နှင့် မုချင်းယောင်နောက် နောက်လိုက်ရန်သာ ရှိတော့သည်။

မုချင်းယောင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လှေကားများရှိသည့် နေရာကို ရွေးချယ်သည့်ပုံပင်။ သူမသည် ရွှီရှင်းတောကို ပစ္စည်းများသယ်ကူရန် ရည်ရွယ်ချက်မရှိပေ။

"​သေတ္တာက လေးလား?" မုချင်းယောင် သူမကိုမေး၏။

"အဆင်ပြေပါတယ်"

"ငါတောင်းပန်ပါတယ် ငါ အိမ်မှာ တစ်ခါမှ ကြီးလေးတဲ့အလုပ်တွေ မလုပ်ဖူးဘူး။ နင်က ရွာမှာ ကြီးပြင်းလာတဲ့အတွက် နင့်မှာ ဘာပြဿနာမှမရှိဘူး ဟုတ်တယ်မလား?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now