Chapter 57(Unicode&Zawgyi)

1.5K 137 0
                                    


သူမဟာ ဆေးကြောသန့်စင်ပြီးနောက် ရေသန့်စက်၏အညွှန်းစာအုပ်ကိုလေ့လာရန်ဆောင့်ကြောင့်ထိုင်လိုက်သည်။ထိုစက်ကိုတပ်ဆင်ပြီးနောက်တွင်သူမသည် ဖန်ခွက်တစ်ခွက်ယူလိုက်ပြီး ခလုတ်ကိုနှိပ်ကာရေနွေးကျလာသည်ကိုကြည့်နေသညိ။သူမဟာ ရေနွေးနွေးလေးတစ်ခွက်ကိုယူပြီးသောက်လိုက်သည်။

အကိုက်ခဲပျောက်ဆေးများ သောက်ထားသော်ငြားလည်း ခါးနာသည့်လက္ခဏာနှင့်ခေါင်းကိုက်သည့်ဝေဒနာအနည်းငယ်ရှိနေသေးသည်။သူမဟာ မသက်သာသေးပေ။ သူမဟာ ရံဖန်ရံခါ အထက်လှန်အောက်လျှောဖြစ်တတ်သော်လည်း အကြိမ်ရေမှာ အလွန်နည်း၏။

ခါးနာခြင်းက သူမကိုမသက်မသာခံစားရစေသည်။

သူမသည် အောက်ထပ်သို့နုံးချည်စွာဆင်းသွားပြီး ထမင်းစားခန်းမအတွင်းဝင်လိုက်သည်။မုချင်းယောင်နှင်း မုချင်းယီ လည်းထိုနေရာတွင်ရှိနေသည်။သူမသည် ထိုင်ချလိုက်ပြီးနောက် တိုးလျသောလေသံဖြင့်ပြောလိုက်သည်။

" ကျေးဇူး"

"ကိစ္စမရှိပါဘူး " မုချင်းကျီကပြန်ပြောသည်။

မုချင်းယောင်မှာသူတို့နှစ်ယောက်ကိုကြည့်ပြီးဘာမှမပြောပဲ ကြက်ဥမွှေကြော်ကိုသာဆက်စားနေသည်။

မုချင်းယီကထပ်ပြောသည်: " မင်းအတွက် ကားဝယ်ပြီးသွားပြီ ပြီးတော့ သီးသန့်ဒရိုင်ဘာတစ်ယောက်လည်းစီစဥ်ထားတယ် "

ထိုသို့ပြောပြီးသည့်နောက်တွင် သူသည်ရွှီရှင်းတောအား လုပ်ငန်းကတ်တစ်ခုပေးလိုက်သည်။ရွှီရှင်းတောကထိုအရာကိုကြည့်လိုက်ရာ သူမအတွက်စီစဥ်ပေးထားသော သီးသန့်ဒရိုင်ဘာ၏လုပ်ငန်းကတ်ဖြစ်နေကြောင်းတွေ့ရသည်။

သူမသည် ကျောပေါ်တွင်အိတ်တစ်လုံးလွယ်၍အိမ်ထဲမှလမ်းလျှောက်ထွက်လာ၏။ခြံဂိတ်ပေါက်တွင် ထိုးထားသည့် ကားကိုလှမ်းကြည့်လိုက်ပြီး မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ။

သူတို့ကိုပေးသောကားတွေအကုန်လုံးမှာ Cayenne တွေချည်းဖြစ်သည်။မုချင်းယောင်၏ကားမှာအဖြူရောင်၊ မုချင်းယီ၏ကားမှာငွေမီးခိုးရောင်ဖြစ်ပြီး သူမ၏ကားမှာတော့ စင်စစ် အပန်းရောင်ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now