Chapter 38 (Unicode &Zawgyi)

1.6K 140 1
                                    

[Unicode]38

 မုချင်းယီသည် သူ၏ဖုန်းကို ကိုင်လိုက်ပြီး အတင်းတုပ်ရတာကြ်ိုက်သည့် သူ၏သူငယ်ချင်းက မေးထားသည်ကို တွေ့လိုက်ရသည်။ "မင်း မင်းရဲ့ညီမကို တွေ့ခဲ့လား?  သူမကို မြင်တဲ့အခါ မင်းဘယ်လို ခံစားရလဲ?"

 မုချင်းယီ: သူမက ငိုလည်းမငိုသလို ပြဿနာလည်းမရှာဘူး ပြီးတော့....ငါ့ကို လျစ်လျူရှုထားတယ်။

 ရှောက်ချင်းဟယ်: ဟားဟား...

♠♠♠
 
 နောက်တစ်နေ့တွင် မုမိသားစု၏ မျိုးဆက်သစ်၃ယောက်က မိတ်ကပ်အတန်းကို အတူတူ သွားလေသည်။

 မုချင်းယီက သီးသန့်ကား စီးပြီး ရွှီရှင်းတောနှင့်မုချင်းယောင်က တစ်ကားထဲစီးလေသည်။ ရွှီရှင်းတောနှင့် မုချင်းယောင်တို့ ကားထဲမှ ထွက်လာပြီးနောက် သူတို့ဟာ မုချင်းယီတစ်ယောက် တံခါးနားတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ မုချင်းယီသည် သူတို့ နီးကပ်လာသည်ကို ကြည့်ပြီး သူတို့ကို နှုတ်တောင်မဆက်ဘဲ အထဲသို့ ဝင်သွားလေသည်။

 သူတို့ ဘာလုပ်နေလဲဆိုတာက်ို ရွှီရှင်းတောတစ်ယောက် တကယ်မသိပေ။

 ဝင်ပြီးနောက် လော့ရွှီက အရင်ဆုံး နှုတ်ဆက်လေသည်။ "ဝေါင်း ချင်းယီ နင်ပြန်လာပြီပေါ့?!"

 "ငါ့ကို အဲဒီလို မခေါ်နဲ့" မုချင်းယီက အေးစက်စွာပြန်ပြောလေသည်။

 မုချင်းယီထိုင်လိုက်ပြီးနောက် ရှောက်ချင်းဟယ်က သူ့ကို ပြုံးပြကာ ထို့နောက်တွင်တော့ ရွှီရှင်းတောအား ကြည့်နေသည်ကို မြင်လိုက်ရသည်။

 တစ်ခါတစ်ရံတွင် အတင်းအဖျင်းနှစ်သက်သည့် ရှောက်ချင်းဟယ်က အဘွားကြီးတစ်ယောက်နှင့်ကာ၎က မုချင်းယီအား အလွန်အကူအညီမဲ့သလို ခံစားရစေ၏။

 ရှန်းကျုဟန်၏ မျက်နှာအမူအရာက အရမ်းမကောင်းမွန်သော်ငြား သူလည်းပဲ မုချင်းယီကို နှုတ်ဆက်လိုက်သည်။ သူ၏အမြင်တွင် မုချင်းယီသည် အနာဂတ်တွင် သူ၏ယောက်ဖဖြစ်လာလိမ့်မည်ဖြစ်သည်။

 မုချင်းယီသည် ရှန်းကျုဟန်ကို ကြည့်ပြီး တီးတိုးပြောလေသည်။ “အနာဂတ်မှာ စိတ်လိုက်မာန်ပါသိပ်မလုပ်နဲ့"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now