Chapter 18(Unicode&Zawgyi)

1.7K 145 0
                                    


ရွှိီရှင်းတောဝင်လာပြီးတဲ့နောက် သူမရဲ့နေရာမှာစာထိုင််ဖတ်နေသည့်သူမကို တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်လိုက်သည်။လောကကြီးကိုငြီးငွေ့နေသည့် အဲဒီမျက်နှာက ဂရုမစိုက်ဟန်ပေါက်နေသော်လည်း သူမရဲ့အလှကိုတော့ မည်သူမှ မငြင်းဆန်နိုင်ပေ။ပုံရိုက်လိုက်တဲ့လူဟာ ရွှီးရှင်းတောရဲ့ဓာတ်ပုံနဲ့အတူ "ငါတို့ကျောင်းရဲ့အလှဆုံးမိန်းကလေးကိုပြန်ရွေးသင့်ပြီမထင်ဘူးလား " ဆိုပြီး စာရေးတင်လိုက်သည်။

ကျားဟွာ နိုင်ငံတကာကျောင်း၏ အလှဆုံးမိန်းကလေးများကို ရွေးချယ်ရန် အလွန်ခက်ခဲခဲ့သည်။ အထူးသဖြင့် ယခင်က ကျားဟွာနိုင်ငံတကာကျောင်း၏ အလှဆုံးအဖြစ်ရွေးချယ်ခံခဲ့ရသောနှစ်ယောက်က လက်ဖျားခါလောက်အောင်ထူးခြားပြောင်မြောက်လှသည့်အတွက်ကြောင့်ပင်။ တစ်ယောက်က ဆွဲဆောင်မှုရှိရှိနဲ့လှပပြီး နောက်တစ်ယောက်ကအပြစ်ကင်း ဖြူစင်တဲ့အလှမျိုး ဖြစ်သည်။ သူတို့တွေဟာပြိုင်ဖက်ကင်းလောက်အောင်လှပသူများ ဖြစ်သည်။သူတို့သည် ကျောင်း၏ပန်းကလေးများဖြစ်ကြသည်ဆိုသောအချက်ကို မည်သူကမှ သံသယမဝင်ခဲ့ကြပေ။ထိုနှစ်ယောက်ဘွဲ့ရသွားပြီးသည့်နောက် ကျားဟွာနိုင်ငံတကာကျောင်း၏ ကျောင်းပန်းကလေးနေရာသည် နှစ်အတော်ကြာလစ်လပ်နေခဲ့သည်။မည်သူကမှကျောင်း၏ပန်းကလေးအဖြစ်ရွေးချယ်ခြင်းမခံခဲ့ရတော့ပေ။ယခုတော့ ဒါဟာ တဖန်ပြန်လည်ပေါ်ပေါက်လာပြီဖြစ်သည်။

(TN/ တရုတ်မှာ အလှဆုံးမိန်းကလေးကို ပန်းကလေးနဲ့ နှိုင်းယှဉ်ကြတာပါ။ 校花(ရှောက်ဟွား)" နဲ့"班花(ပန်းဟွား)" ဆိုတာကို အတန်း ဒါမှမဟုတ် ကျောင်းရဲ့ အလှဆုံးမိန်းကလေးတွေဆိုပြီး ဖော်ပြဖို့သုံးကြတာပါ)

ပထမထပ် : ငါတော့မထင်ဘူး။ မုချင်းယီကအမြဲတမ်းကျောင်းရဲ့မြက်ဖြစ်ခဲ့တာလေ။ကျန်တဲ့သူတွေ အားလုံးက အမှိုက်ပဲ။

(ET/N: "ကျောင်းရဲ့မြက်ဆိုတာက ကျောင်းမှာ အချောဆုံးကောင်လေးပါတဲ့)

ဒုတိယထပ်: သူမကဘာကြောင့်ကျောင်းရဲ့ပန်းကလေး ဖြစ်သင့်တာလဲ သူမကမုချင်းယီနဲ့ နေရာတချို့မှာ ခပ်ဆင်ဆင်တူမနေဘူးလား။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now