ရွှီရှင်းတောက အတန်းထဲရှိ ထုန်းယန်၏ခန္ဓာကိုယ်ထဲတွင် ထိုင်နေ၏။တုန်းယန်၏ဖုန်းပေါ်တွင်စာများဆက်တိုက်ပေါ်နေသည်။လျိုယထင်း: နင်ဘာတွေဖြစ်နေတာလဲ?
လျိုယထင်း: နင့်ရဲ့ခေါင်းကို တစ်ခုခုနဲ့ရိုက်မိထားသလား? တောကနေလာတဲ့အဲဒီမွေးစားသမီးကို နင်ကြိုက်နေတာလား?ဒီမှာဘာတွေဖြစ်နေလဲဆိုတာ နင် ငါ့ကိုပြောပြနိုင်မလား"
လျိုယထင်း: ဒေါ်လေးကိုပြောဖို့ ငါ့ကိုတွန်းအားမပေးပါနဲ့။
လျိုယထင်းသည်ထုန်းယန်၏ငယ်သူငယ်ချင်းဖြစ်သည်။သူတို့နှစ်ဦးမှာ မူကြိုအရွယ်ကတည်းကကျောင်းတစ်ခုတည်းမှာ တက်ခဲ့ကြတာ ဖြစ်သည်။ လျိုမိသားစုနှင့် ထုန်းမိသားစုမှာကောင်းမွန်သောဆက်ဆံရေးရှိကြသဖြင့် သူတို့နှစ်ဦး၏ခင်မင်မှုမှာသာမန်ထက်ပိုလေသည်။
လျိုယထင်းသည် ထုန်းယန်အား နှစ်ပေါင်းများစွာကြိုက်ခဲ့တာ ဖြစ်သည်။
ကလေးဘဝတုန်းက,သူတို့ အိမ်မှာ ကစားကြတိုင်းလျိုယထင်း သည် ထုန်းယန်၏သတို့သမီးအမြဲဖြစ်ချင်ခဲ့သည်။သို့သော်လည်း ထုန်းယန်က မနှစ်သက်ပေ။ သူသည် အဖေတစ်ယောက်ဒါမှမဟုတ်အဖိုးတစ်ယောက်အဖြစ်သာ ပို၍ဖြစ်ချင်ခဲ့သည်။
နောက်ပိုင်း သူမအနည်းငယ်ကြီးလာသောအခါ လျိုယထင်းသည်ထုန်းယန်နောက်အမြဲလိုက်လေသည်။ထုန်းယန်ကတော့ဟက်ဟက်ပက်ပက်မရှိပေ။
လွန်ခဲ့တဲ့နှစ်နှစ်က လျိုယထင်းဟာ ထုန်းယန်အားဖွင့်ပြောခဲ့သည်။
ထုန်းယန်သည်တုံ့ဆိုင်းခြင်းမရှိပဲချက်ချင်းငြင်းဆိုခဲ့သည်။သူ၏သဘောမှာကား သူမအပေါ်ညီမလေးတစ်ယောက် သူငယ်ချင်းတစ်ယောက်အဖြစ်သာသဘောထားလေသည်။
သို့သော်ငြား လျိုယထင်းသည် လက်မလျော့ဘဲ ထုန်းယန်အား ဆက်လိုက်မြဲပင်။ ထုန်းယန်ဟာ ထပ်ပြီး နှောင့်ယှက်ခံရဖို့ အလွန်စိတ်အနှောင့်အယှက် ဖြစ်နေ၏။
ထုန်းယန်ပြန်လာသောအခါ ရွှီရှင်းတောသည်သူ့ဖုန်းကို သူ့အား ပေးလိုက်သည်။
သူဟာ သူ့ဖုန်းကို လှမ်းယူလိုက်ပြီး ကြည့်လိုက်သည်။သူ့ပါးစပ်က ပွစိပွစိ မလုပ်ဘဲ မနေနိုင်တော့ကာ ပြန်စာကိုအလျင်အမြန်ရိုက်လိုက်သည်။ထို့နောက်ဖုန်းကိုဘေးတွင်ချထားလိုက်လေသည်။
YOU ARE READING
အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)
RomanceAuthor-墨西柯 Years-2019 English translator-Fleeting Cloud eng name-The Legitimate daughter doesn't care! Associated Names-真千金懒得理你[互穿 Myanmar translators-OriaAnna, @Xiaopea ဂရုမစိုက်တတ်တဲ့ သမီးအရင်းနဲ့ ကျိကျိတက်ချမ်းသာပြီးအာဏာရှင်ဆန်တဲ့ သခင်လေးတစ်ယောက...