Chapter 74(Unicode&Zawgyi)

1.4K 108 3
                                    


ကောင်လေးနှစ်ယောက်ဟာ ဧည့်ခန်းထဲတွင်ရပ်ပြီး မိန်းကလေးများထွက်သွားသည်ကို ကြည့်နေ၏။ ထို့နောက် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ မုချင်းယီတစ်ယောက် နောက်ဆုံးတော့ မေးလာ၏။ "မင်း အိမ်ပြန်တော့မှာလား?"

ရှောက်ချင်းဟယ်ဟာ မကျေနပ်သောလေသံဖြင့် ပြောလိုက်သည်။ "ငါခဏလောက် ကပ်ပါးရပ်ပါး လုပ်ချင်သေးတယ်"

"မင်းကို မကြိုဆိုဘူး"

"ကျေးဇူးပြုပြီးတော့ပါကွာ...."

မုချင်းယီဟာ လက်လျော့လိုက်ပြီး အစေခံကို ပန်းကန်လုံးများနဲ့ တူအပိုတစ်စုံပြင်ပေးဖို့ မညွှန်ကြားခင် ရှောက်ချင်းဟယ်ကို တစ်ခဏမျှ စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ရှောက်ချင်းဟယ်က အိမ်မှာ စားသောက်ချင်တာ ဖြစ်သည်။

လော့ရွှီဟာ ရွှီရှင်းတောရဲ့အခန်းထဲကို ဝင်ပြီးနောက် သူမဟာ နှစ်ကြိမ်မျှ ကျွတ်-ကျွတ် မလုပ်ဘဲ မနေနိုင်တော့ချေ။ "ဒါက ဧည့်သည်ခန်းဟုတ်တယ်မလား။ ဒီအိပ်ယာနဲ့ ပရိဘောဂတွေက မိန်းကလေးတစ်ယောက်ရဲ့အခန်းနဲ့ လုံးဝမတူဘူး! နင် ဒီကို ပြောင်းလာပြီးတော့ အသစ်တစ်စုံ မဝတ်ဘူးလား?"

"ဒါက ငါ့ရဲ့ဇာတိမှာထက် အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ဒီအခန်းက ပရိဘောဂက တစ်အိမ်လုံးရဲ့ အပြင်အဆင်နဲ့ တစ်ထပ်တည်းပဲ"

"နောက်ကျရင် နင် ဒီအခန်းထဲက အရာအားလုံးကို ပြောင်းလဲသင့်တယ်။ စတိုးဆိုင်ကောင်းအတော်များများကို ငါသိတယ်။ မုမိသားစုက အရမ်းမတွန့်တိုပါဘူး။ သူတို့ကို နင့်အတွက် ပရိဘောဂပစ္စည်းတွေ လဲပေးခိုင်းသင့်တယ်"

လော့ရွှီက ဆိုဖာပေါ်တွင်ထိုင်ချကာ ဒီနေ့ အဖြစ်အပျက်ကို ရွှီရှင်းတောထံသို့ ရှင်းပြလိုက်သည်: "လီရှင်းနင်နဲ့ မုချင်းယောင်က မတည့်ကြဘူး"

အဖြစ်အပျက်တစ်ခုလုံးကို စကားတစ်ခွန်းနဲ့ အကျဉ်းချုပ်ပြောရရင်  စာအုပ်ပိုး(စာကြမ်းပိုး)ရဲ့ အပြစ်အနာအဆာကို ပြသနေတာပဲ။

ရွှီရှင်းတောတစ်ယောက် ထိုင်လိုက်ပြီးနောက် မေးလိုက်သည်။ "နင် ငါ့ကို အဲဒီအကြောင်း ပြောပြနိုင်မလား?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now