Chapter 135(Unicode&Zawgyi)

568 42 0
                                    


ထုန်းယန်၊ ဝေ့လန်နှင့် စူးဝေတို့အားလုံးသည် ကျောင်းသားရေးရာဌာနကို ထပ်မံအခေါ်ခံလိုက်ရပြီး တောင်းပန်စာရေးဖို့ ဖိအားပေးခံလိုက်ရသည်။ သူတို့ ရေးပြီးသွားသည့်အချိန်မှသာ ရွှီရှင်းတောဝင်ပြိုင်သည့် ပြိုင်ပွဲကို သွားကြည့်နိုင်တော့သည်။

မမျှော်လင့်ထားဘဲ ရုံးခန်းမှ ထွက်လာသည့် လမ်း
တွင် ရွှီရှင်းတောသည် သူမ၏ ဆွယ်တာနှင့် ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားဆဲ ဖြစ်ကာ
သူတို့ဘေးမှ ပြေးသွားသည်ကို တွေ့လိုက်ရသည်။

ထုန်းယန်တစ်ယောက် လုံးဝ အံ့အားသင့်သွား၏။ သူဟာ သူမနောက် ချက်ချင်းပြေးလိုက်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ထပ်ပြီးပြဿနာတက် ပြန်ပြီလား?!"

ဝေ့လန်နှင့် စူးဝေသည် ဘာတွေဖြစ်နေမှန်း နားမလည်သော်ငြား သူတို့ဟာ ခွေးရူးများက ရှဉ့်တစ်ကောင်နောက်လိုက်နေသလိုမျိုး သူတို့နောက် လိုက်ပြေးတော့သည်။ သူတို့သည် ပြေးနေရင်း လော့ရွှီက ကင်မရာကိုင်ရင်း သူတို့နောက် လိုက်ပြေးနေသည်ကို တွေ့လိုက်ရသည်။

ရွှီရှင်းတောသည် ပြေးနေရင်း လှည့်ဖြေလိုက်သည်။ "တင်းနစ်ပြိုင်ပွဲက သုံးမိနစ်အတွင်း စတော့မှာ!!!"

ထုန်းယန်သည် သူ၏ အပေါ်အင်္ကျီကို ချွတ်ပစ်လုနီးပါးပင်။ "မင်းရဲ့ အချိန်ဇယားက ဘာလို့ အရမ်း ကျပ်နေတာလဲ!"

"ဘာလို့လဲဆိုတော့ ငါကဆင်းရဲလို့လေ!" ရွှီရှင်းတောသည် ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိသည့်အသံဖြင့် ဖြေလိုက်သည်။

ပင်ပေါင်ပွဲကို မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပတာ ဖြစ်သည်။ ပွဲပြီးသွားသည့်အခါ ရွှီရှင်းတောသည် အပြင်ဖက် တင်းနစ်အားကစားရုံတွင် ကျင်းပသည့် တင်းနစ်ပြိုင်ပွဲအတွက် နောက်ပြိုင်ပွဲကျင်းပရာနေရာကို မြန်မြန်သွားရမည် ဖြစ်သည်။

ရွှီရှင်းတောသည် စာရင်းပေးရန် ဆရာမထံ ချက်ချင်းပြေးသွားလိုက်ပြီးနောက် မဲနိုက်ရန် တခြားကစားသမားများနောက် လိုက်သွားလိုက်သည်။

ထုန်းယန်နှင့်အခြားသူများက ကွင်းဒေါင့်ကို ပြေးသွားလိုက်သည်။ ပြိုင်ပွဲ လာကြည့်သည့်သူများက အကာအရံအပြင်ဖက်တွင် နေရမှာ ဖြစ်သည်။
သူတို့သည် ဟောဟဲလိုက်ရင်း အတူတကွရပ်နေကြသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now