Chapter 156(Unicode&Zawgyi)

492 41 0
                                    



ထုန်းယန်က ရွှီရှင်းတောနောက်ကနေ အတန်းထဲကို လိုက်သွား၏။ တစ်လမ်းလုံး သူဟာ ရွှီရှင်းတောကို ဤကိစ္စနှင့်ပတ်သက်ပြီး ဆက်တိုက် အနှောင့်အယှက် ပေးနေ၏။ လော့ရွှီတစ်ယောက် သူတို့ကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ချေ။
သူမ စတင်လှုပ်ရှားလိုက်သည့်အခိုက် ချောင်းကြည့်နေဆဲဖြစ်သည့် ဝေ့လန်၏ လက်မောင်းနှင့် မတော်တဆ တွန်းတိုက်မိလေသည်။

သူမဟာ လျင်မြန်စွာ ရှောင်ရှားလိုက်သည်။
ဝေ့လန်သည်လည်း ဂရုစိုက်မနေပေ။

ဤအချိန်တွင် ရှန်းကျုဟန်တစ်ယောက် အတန်းထဲသို့ ပြန်ဝင်လာ၏။ သူဝင်လာသည့်အခါ သူတို့နှစ်ဦး အတင်းတုပ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်ငြား သူဟာ နှုတ်ဆက်စကားမပြောပေ။
သူဝင်လာပြီးနောက် သူ၏ စာအုပ်ကို ကောက်ယူကာ အတန်းထဲမှ တစ်ဖန်ပြန်ထွက်သွား၏။

လော့ရွှီက အတင်းမတုပ်ဘဲ မနေနိုင်တော့ချေ:"ရှန်းကျုဟန်က ဒီရက်ပိုင်း ရှက်သလို ကြောက်သလို လုပ်နေတာ မဟုတ်ဘူးလား?"

ဝေ့လန်က ပြန်ပြောလိုက်သည်: "သူက အတန်းသစ်ကို ပြောင်းဖို့ လျှောက်ထားတာ။ သူက ရက်အနည်းငယ်အတွင်း ငါတို့အတန်းကနေ ထွက်သွားတော့မှာ။ ပြီးတော့ သူက ထုန်းယန်နဲ့လည်း ဆက်ဆံရေးမကောင်းဘူးလေ။ ဒီအတန်းထဲမှာ သူဆက်နေစရာအကြောင်း မရှိဘူး"

"သူက မုချင်းယောင်ကို ကျောင်းဂိတ်ပေါက်မှာ စောင့်လေ့ရှိပေမဲ့ အခုကျ ကျောင်းဂိတ်ဖက် သွားတယ်ဆိုတာ အတော်တောင်ရှားသွားပြီ"
"ငါလောင်းရဲတယ်...သူတို့ မကြာခင်ဒါမှမဟုတ် နည်းနည်းလောက်နေရင် ပြတ်တော့မယ်လို့လေ"

ရှန်းကျုဟန်က သိပ်မကြာခင်တုန်းက မုချင်းယောက်ကို စတင်၍ လျစ်လျူရှုနေတာ ဖြစ်သည်။
နောက်ဆုံးအကြိမ် မုချင်းယောင်တစ်ယောက် သူမ၏ ဒေါသကို ထွက်ပေါက်ရှာသည့်အချိန်
တုန်းက သူဟာ စင်စစ် အဖြေရှာကူခဲ့သော်ငြား
ကိစ္စများက အထိန်းအကွပ်မဲ့ကာ သူဟာ အရာအားလုံးအတွက် အပြစ်တင်ခြင်းဖြင့်သာ အဆုံးသတ်သွားလေသည်။

မုချင်းယောင်၏ အပြုအမူများကို တွေ့ပြီးနောက်
လီရှင်းနင်က သူနှင့် အချိန်အတော်ကြာ တိတ်တဆိတ် စကားပြောနေခဲ့တာ ဖြစ်သည်။ မုချင်းယောင်က သူ့ကို အသုံးချရုံသာဖြစ်ပြီး သူမနှင့် ဝေးဝေးနေသင့်ကြောင်း အရိပ်အမြွက်ပေးခဲ့တာ ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now