Chapter 23(Unicode&Zawgyi)

1.6K 129 0
                                    


ထုန်းယန် ဟာ ချက်ချင်းပင် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ဝေ့လန်ကို ရွံ့ရှာမှုဖြင့်ကြည့်လိုက်သည်။တစ်ချိန်တည်းမှာပင် သူဟာ ဒေါသအလွန်အကျွံ ထွက်သွားသည်။

'ဘာတွေဖြစ်ပျက်နေတာလဲ?လက်ကိုင်တယ်တဲ့လား?'

သူနှင့်ရွှီရှင်းတောသည် ယခင်က လက်တစ်ဆုပ်စာအချိန်လောက်လေးသာတွေ့ဖူးခဲ့သည်။ပထမတစ်ကြိမ်က ရွှီရှင်းတောကို ခေါ်ထုတ်ပြီး သူမ၏ 16နှစ်ပြည့်မွေးနေ့ကို လျှို့ဝှက်စွာ ကျင်းပခဲ့သည်။နောက်တစ်ခေါက်က အဘွားရွှီ နေမကောင်းတုန်းက သူ ဆေးရုံကို အလည်သွားသည့်အချိန်ဖြစ်သည်။

ထိုနှစ်ကြိမ်တွင် သူနှင့် ရွှီရှင်းတောသည် မည်သည့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျှ မရှိခဲ့ချေ။သူတို့သည် မြန်မြန်သာတွေ့ဆုံပြီး မြန်မြန်ပင်ခွဲခွာခဲ့ကြသည်။

သူ အခုထိ မထိမကိုင်ရသေးသော လက်ကို ကျန်းလုံထောင်းဆိုတဲ့ ကောင်က ဆွဲတယ်ပေါ့?!

ထုန်းယန်ဟာ အတော်ဒေါသထွက်သွားပြီး သူ၏ ဒေါသကိုဖြေလျော့ရန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

'ကျန်းလုံထောင်းက ဘယ်သူလဲ?!'

ဤအချိန်တွင် တစ်စုံတစ်ယောက်က အခန်းထဲတွင် တီးတိုးပြောလိုက်သည်။"အကိုယန် စင်ပေါ်တက်တော့မယ်"

"အားး... ချောလိုက်တာ!"

ထုန်းယန်ဟာ စင်ပေါ်တက်ပြီး တီးခတ်နေစဉ် ဝေ့လန်သည် နောက်ကိုမလှည့်ကြည့်ဘဲ ဂိမ်းကိုသာအသည်းအသန်ကြည့်နေ၏။

အတန်းထဲတွင် ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသည်။လူတိုင်းက ဖန်သားပြင်ပေါ်က တီးခတ်နေသော လူငယ်ကိုသာကြည့်နေကြသည်။ဤအချိန်တွင် ကျောင်းရှိ အတန်းတိုင်းကလည်း ဤမြင်ကွင်းကြည့်နေကြသည်။

ဂီတသည် အသံနှင့်ဆိုင်သော အလှတရား၏ ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။

ဖန်သားပြင်ပေါ်က လူငယ်လေးသည် ကျော့ရှင်းကာ တည်ငြိမ်လှသည်။သူ၏မျက်နှာ သွင်ပြင်သည် လူအများကို ချမ်းသာကြွယ်ဝပြီး ကျော့ရှင်းတောက်ပြောင်သည့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဟူသည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းသော အားကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုရှိသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now