Chapter 104(Unicode&Zawgyi)

1.1K 96 4
                                    


ရွှီရှင်းတောတစ်ယောက် ထုန်းယန်၏ ခန္တာကိုယ်ထဲရောက်နေသည့်အချိန်တုန်းက သူမဟာ ယင်းဟွာနှင့်အကျွမ်းတဝင်ရှိသော်ငြား ထိုအချိန်တုန်းက သူမဟာ ယင်းဟွာ၏သားအဖြစ်နှင့်ပင်။

သူမဟာ သူမ၏ ခန္တာကိုယ်ဖြင့် ယင်းဟွာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ရွှီရှင်းတောဟာ ယင်းဟွာ၏ အကျင့်စရိုက်ကို ကောင်းကောင်း နားလည်ပြီး သူမကို သဘောကျမှာမဟုတ်ကြောင်း သိလေသည်။

ဤအခြေအနေတွင် အိမ်ပြန်ခြင်းက အကောင်းဆုံးသော ရွေးချယ်မှုပင်။ ထုန်းယန်က သူမနောက် လိုက်သွားပြီး မိသားစုက အစေခံများကို ရွှီရှင်းတောအတွက် ပိုမိုထူထည်းသည့် အနွေးထည်ပေးရန် ပြောလိုက်သည်။ ထုန်းယန်ဟာ ရွှီရှင်းတောနှင့် လော့ရွှီတို့ သူတို့၏ ကားဆီလျှောက်သွားပြီးနောက် ဗီလာထဲသို့ ပြန်သွားလိုက်သည်။

သူ ဗီလာထဲသို့ ရောက်သည့်အခါ ဧည်သည့်အများစုက ပြန်သွားပြီ ဖြစ်သော်ငြား ထုန်းယန်ကို နှုတ်ဆက်စကားပြောရန် စောင့်နေကြသည့် လူတချို့လည်း ရှိနေသေး၏။ သူတို့ပြန်သွားသည့်အခါ ထုန်းယန်တစ်ယောက် အပေါ်ထပ်ကို တက်သွားပြီး စိတ်အခြေအနေဆိုးရွားလျက်ရှိကာ ကိုကိုးနှင့် ကစားနေသည့် သူ၏အမေကိုတွေ့လိုက်ရသည်။

ယင်းဟွာက ထုန်းယန်ကို မြင်ပြီး မေးလိုက်သည်။ "အဲဒီမိန်းကလေးက ကိုကိုးနဲ့ ကစားခဲ့တယ်လို့ ငါထင်တယ်?
"ဟမ်?" ထုန်းယန်တစ်ယောက် အချင်ယောင်ဆောင်လိုက်သည်။
"အဲဒီမိန်းကလေးရဲ့ ရေမွှေးနံ့က ဒီနားမှာ လှိုင်နေတာပဲလေ"

ထုန်းယန်ဟာ မိန်းမများက ကြောက်စရာကောင်းပြီး ဤကဲ့သို့သော ကိစ္စသေးသေးလေးတွေအပေါ် အလွန်ဆတ်ဆတ်ထိမခံဖြစ်လွန်းလှသည်ဟုစင်စစ်ခံစားလိုက်ရပြီး သူဟာ အကူအညီမဲ့စွာပြောလိုက်သည်။ "ကိုကိုးနဲ့သူမက သူတို့ချင်း အဆင်ပြေလို့နေမှာပေါ့?"
"မင်းတို့နှစ်ယောက်ကလည်း ရင်းနှီးတဲ့ပုံပဲ"

"ဟေး ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး တွေးမနေနဲ့နော်။ ကျွန်တော်နဲ့ သူမက သာမန်သူငယ်ချင်းတွေပဲ" သူဟာ ရွှီရှင်းတောနှင့် ပတ်သက်ပြီး စင်စစ် ဘာကိုမှ မတွေးချေ။ ယင်းက အလိမ်အညာမဟုတ်ပေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now