Chapter 71(Unicode&Zawgyi)

1.4K 110 0
                                    


သူမဟာ တစ်ခဏမျှ အထူးတန်း၏တံခါးရှေ့တွင် ရပ်နေသည့်အတွက် ကျောင်းသားအများစုက သူမကို ကြည့်နေကြ၏။ လော့ရွှီတစ်ယောက် ရွှီရှင်းတောကို မြင်သည့်အခါ သူမဟာ မြန်မြန်ထွက်လာပြီး ရွှီရှင်းတောကို မေးလိုက်သည်: "နင် ငါ့ကို ရှာနေတာလား?"

"နင် အတန်းချိန်အတွင်း ထွက်လာလို့ ရတယ်ပေါ့?"

"အတန်းက သုံးမိနစ်လောက်နေရင် ပြီးတော့မှာ ဒါကြောင့် အဆင်ပြေပါတယ်"

"ငါ အခုလေးတင် ချက်​ပြုတ်ရေးအတန်းမှာ ဒီဘီစကွတ်တွေကို လုပ်လာတာ။ နင် မြည်းစမ်းကြည့်ကြည့်"

ရွှီရှင်းတောသည် လော့ရွှီအား စက္ကူဖာသေးသေးလေးတစ်ခု ကမ်းပေးလိုက်သည်။ အထဲတွင် ဘီစကွတ်အများကြီးမပါဘဲ ငါးခု (သို့) ခြောက်ခုသာ ပါ၏။
ဘီစကွတ်များ ဖိုထဲမှ ထွက်လာလာချင်း ဝေ့လန်နှင့် အခြားသူများက အားလုံးကို ခွဲဝေလိုက်ကြပြီး ဒီလောက်သာ ကျန်ခဲ့လေသည်။

လော့ရွှီက သူတို့ကို အလွန်သဘောကျသည်။ အဓိကအားဖြင့် ဘီစကွတ်များက အလွန်လှပသည်ဟု ခံစားရသောကြောင့်ပင်။ သူမဟာ လက်တစ်ဖက်ဖြင့် စက္ကူဘူးလေးကို ကိုင်ထားပြီး ဘီစကွတ်များကို ဓာတ်ပုံ ရိုက်ရန် အခြားလက်တစ်ဖက်ကို သုံးလိုက်သည်။ "တောတော ငါ့ကို ပေး။ ငါ ပုံတစ်ပုံလောက် ရိုက်ရမယ်"

ဤအချိန်မှာပဲ အတန်းပြီးဆုံးကြောင်း ဖော်ပြနေသည့် ခေါင်းလောင်းသံကလည်း မြည်ဟည်းသွားတော့သည်။ ကျောင်းသားများက သူတို့ရဲ့ပစ္စည်းများကို စတင်၍ နေရာစီစဉ်တကျ စီစဉ်လိုက်သည်။ မုချင်းယီက ရွှီရှင်းတောကို သတိပြုမိသွား၏။ သူဟာ အတန်းထဲမှ ထွက်လာပြီး သူတို့နှစ်ဦးနား ချဉ်းကပ်ကာ မေးလိုက်သည်။ "မင်းတို့ ဘာလုပ်နေတာလဲ?"

ရွှီရှင်းတောက မုချင်းယီထံသို့ ဘီစကွတ်ဘူးနောက်တစ်ဘူးကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ငါကိုယ်တိုင် ဒီဘီစကွတ်တွေကို လုပ်ထားတာ။ နင်မြည်းကြည့်ကြည့်"

မုချင်းယီတစ်ယောက် အေးစက်စက် ပြန်ပြောလိုက်သည်။ "ငါက ဒါတွေ မကြိုက်ဘူး"

သူဟာ ထိုကဲ့သို့ ပြောလိုက်သော်ငြား လက်လှမ်းပြီး ဘူးကို ယူလိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now