Chapter 110(Unicode&Zawgyi)

1K 96 1
                                    


ရွှီရှင်းတောတစ်ယောက် သူမ၏ ပစ္စည်းများကို ခရီးဆောင်အိတ်ထဲသို့ ထည့်ပြီးနောက် သူမဟာ ထိုင်ချလိုက်ပြီး မုမိသားစုက လတ်တလော သူမအတွက် သုံးစွဲခဲ့သည့် ပိုက်ဆံကို စာရင်းပြုစုရန် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
ပိုက်ဆံအားလုံးကို မှတ်တမ်းတင်ပြီးနောက် ဖြစ်နိုင်ရင် အားလုံးကို ပြန်ပေးမည်ဟု တွေးထား၏။

သူတို့နှင့် ထပ်ပြီး ပတ်သက်စရာ မလိုတော့ပေ။

သူမဟာ ထွက်သွားတော့မည့်အကြောင်း တွေးနေရင်း တစ်စုံတစ်ယောက်က တံခါးကို ရုတ်တရက်
ခေါက်လာ၏။ သူမဟာ ခနမျှ တုန့်ဆိုင်းနေပြီးနောက် မကြားချင်ယောင်ဆောင်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုသူက တံခါးကို ဆက်ခေါက်နေကာ ရုတ်တရက်ပြောလိုက်သည်။ "တောတော အမေပါ"

ရွှီရှင်းတောဟာ တစ်ခနမျှ တုန့်ဆိုင်းနေရင်း သူမဟာ ဘောပင်ကို ကောက်ကိုင်လိုက်သော်ငြား အဆုံးမှာ မတ်တတ်ရပ်လိုက်ပြီး တံခါးကိုဖွင့်ရန် လျှောက်သွား၏။

အမေမုဟာ ဖက်ထုပ်တစ်ပန်းကန်ကို ကိုင်လာပြီး
ရွှီရှင်းတော၏ စားပွဲပေါ်တွင် တင်လိုက်သည်။
သူမ၏မျက်လုံးများက ခရီးဆောင်အိတ်ပေါ် ရောက်သွားပြီး သူမ၏ အမူအရာက ပြောင်းလဲသွားပြီး လှုပ်ရှားမှုရပ်တန့်သွား၏။

အမေမုက ပူပန်စွာ ပြောလိုက်သည်။ "ဒါက အမေကိုယ်တိုင် လုပ်ထားတာ။ ဒီနေ့ည စားစရာတစ်ခုခု ရှိမလားဆိုတာ မသိလို့"

သိသိသာသာပင် သူမရှေ့က လူဟာ သူမ၏ သမီးရင်း ဖြစ်သော်လည်း ဤသမီးက သူမအတွက် အလွန်စိမ်းသက်နေဆဲဖြစ်သည်။ ထပ်မံ၍ သူမ၌ အပြစ်ရှိစိတ်ရှိနေပြီး ရွှီရှင်းတောအား မည်ကဲ့သို့ရင်ဆိုင်ရမည်ကို မသိပေ။ ထိုကြောင့် သူမစကားပြောသည့်အခါ သူမ၏အသံက ယုံကြည်ချက်မရှိ ဖြစ်နေ၏။

ရွှီရှင်းတောက ပြန်ဖြေလိုက်သည်။ "ကျွန်မထုန်းယန်ရဲ့အိမ်မှာတုန်းက စားလာခဲ့ပြီးပါပြီ"

"တကယ်တော့ အမေသမီးကို တောင်းပန်ဖို့ လာတာပါ"
"လုံးဝ မလိုပါဘူး။ အမေတို့ ကျွန်မကို ပြန်ခေါ်တာက ပုံမှန်ပါပဲ။ အမေတို့ကလေးက အပြင်မှာနေတာ ကောင်းတယ်လို့ တွေးကြမှာမဟုတ်ဘူးလေ။ ကျွန်မတို့က တစ်ယောက်ပေါ်တစ်ယောက် လုံးဝခံစားချက်မရှိကြဘူး။ကျွန်မနဲ့နေရတာက အမေတို့အားလုံးအတွက် တကယ် မသက်မသာဖြစ်နေလောက်တယ်။ မိသားစုဝင်လေးယောက်ကို ထားခဲ့ပြီး ထွက်သွားတာက ကျွန်မအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now