Chapter 160(Unicode&Zawgyi)

347 38 0
                                    



အဖေမုက မုချင်းယောင်တစ်ယောက် ဆက်တိုက်ငိုကြွေးနေသည်ကို ကြည့်ရတာ စင်စစ် စိတ်ကုန်နေပြီ ဖြစ်သည်။ "တကယ်လို့ မင်းသာ နည်းနည်းလောက် ဖြစ်ဖြစ်ဦးနှောက်ရှိမယ်ဆိုရင် မင်းရဲ့မျက်နှာ သက်သာသွားတဲ့အခါ ရှန်းကျုဟန်ကို တောင်းပန်ပြီး သူနဲ့ ပြန်ပြီးသင့်မြတ်
အောင် လုပ်မှာပဲ။ ထပ်ပြီးပြဿနာ မရှာနဲ့တော့။ လိမ္မာပါးနပ်အောင် သင်ယူရင်သင်ယူ မဟုတ်ရင်လည်း အိမ်ပေါ်က ဆင်း။ မုမိသားစုမှာ သားတစ်ယောက်ပဲ ရှိရင်တောင်  ပို အဆင်ပြေသေးတယ်။ မင်း အချိန်မရွေးထွက်သွားလို့ ရတယ်!"
အမေမုက ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ ကြိမ်းမောင်းလိုက်သည်:"မုဝမ်ယန်!"

အမေမုက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်: "ရှန်းကျုဟန်က အရှက်တကွဲ အကျိုးနည်း မဖြစ်ရအောင် ငါတို့ကို အခွင့်အရေးတစ်ခုပေးတယ်။ သူက အခုထိသူ့မိသားစုကို
ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောရသေးဘူး။ မင်းမှာ အခြေအနေကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးရှိသေးတယ်"

ဒီစကားကို ပြောပြီးနောက် အဖေမုတစ်ယောက် ချက်ချင်းပင် အခန်းထဲမှ ထွက်သွား၏။

အမေမုက မုချင်းယောင်ကို မြန်မြန် နှစ်သိမ့်လိုက်သည်။ "ယောင်ယောင် အဖေက ဒေါသထွက်နေလို့ပါ။ မကြောက်ပါနဲ့။ အမေတို့က သမီးကို ချစ်နေတုန်းပါပဲ"

မုချင်းယောင်၏ မျက်ရည်များက ချက်ချင်းပင် လွင့်ပြယ်သွား၏။ သူမငိုနေလည်း အသုံးမဝင်ကြောင်းသိနားလည်ကာ သူမလည်း စိတ်ကုန်နေနှင့်ပြီ ဖြစ်သည်။

အဖေမု၏ စကားလုံးများက အမှန်တရားဖြစ်ကြောင်း သူမလည်းသိလေသည်။
သူဟာ သူ့ရဲ့သမီးရင်းကိုတောင် မညှာမတာ ဆက်ဆံသည့်အတွက် သူမကိုနှင်ထုတ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပေ။

လော့ရွှီဟာ စနေနေ့မနက်တွင် စောစောစီးစီး ဖုန်းခေါ်လာ၏။ သူမ၏ အသံက အတော်လေး စိတ်လှုပ်ရှားသည့်ပုံပေါက်နေ၏။ "တောတော! ရှန်းကျုဟန်က မုချင်းယောင်ကို တကယ်ကြီးရိုက်ခဲ့တာတဲ့!"

"သူက သူမကို ရိုက်တယ်?!" ရွှီရှင်းတောတစ်ယောက် ကြက်သေသေသွား၏။ "အင်း ငါတော့ကြားကြားချင်း အရမ်းစိတ်လှုပ်ရှားသွားတာ။ ငါ့အဖေတော့ငါ့ကို စိတ်ငြိမ်သွားအောင် လုပ်ပေးလိုက်ရတယ်။ အရင်တုန်းကတော့ ယောကျာ်းတစ်ကောင်က မိန်းမတစ်ယောက်ကို ရိုက်တယ်လို့ ကြားရင် ဒေါသထွက်နေကျလေ။
ဒါပေမဲ့ ဒီတစ်ခေါက် အဖြစ်အပျက်ကို ကြားလိုက်ရတဲ့အချိန်မှာ စိတ်သက်သာရာရသွားသလို တကယ်ကြီး ခံစားလိုက်ရတယ်လေ။
ငါ့မှာ ဘာလို့ ဒီလို စံနှစ်မျိုးရှိနေရတာလဲ? ဟားဟားဟားဟား!"

You've reached the end of published parts.

⏰ Last updated: Oct 30 ⏰

Add this story to your Library to get notified about new parts!

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now