Chapter 141 (Unicode&Zawgyi)

522 31 0
                                    


ရွှီရှင်းတော၏ ဓမ္မတာလာမည့်အချိန်က တစ်ဖန်ထပ်ရောက်တော့မှာ ဖြစ်သည်။ ဓမ္မတာ မဖြစ်ခင်ကာလ၏ လက္ခဏာများက အလွန်သ်ိသာနေပြီး သူမတွင် အတွေ့အကြုံလုံလုံလောက်လောက် ရှိလေသည်။ ထို့ကြောင့် သူမဟာ မတိုင်ခင်ကတည်းက လုံလုံလောက်လောက် ပြင်ဆင်ထားကာ နေ့လယ်စာစားပြီးနောက် အကိုက်အခဲပျောက်ဆေးတချို့ကို ကြိုသောက်ထားလိုက်သည်။

နေ့လယ်ပိုင်းတွင် သူမဟာနိုင်ငံတကာ
အတန်း၏ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည့် အတန်းကို  အရင်ဆုံး သွားလိုက်ပြီး multimediaအဆောက်အအုံတွင် စာအုပ်တစ်အုပ်နှင့် လှည့်ပတ်ကြည့်လိုက်သည်။ အဆုံးမှာတော့ သူမ၏မျက်လုံးများက ကျားကွက်အတန်းကို ရောက်သွား၏။

သူမဟာ အထဲကို တစ်ချက်ကြည့်လိုက်သည့်အခါရှောက်ချင်းဟယ်က အတန်းထဲတွင် ရှိကြောင်း တွေ့လိုက်ရသည်။

ရှောက်ချင်းဟယ်က အမြဲတစေအတူတူပင် ဖြစ်သည်။ သူ့တွင် ကြင်နာပြီး ဖော်ရွေသည့် အသွင်အပြင်ရှိလေသည်။ သူဟာ အမြဲတမ်းပြုံးနေ၏။ သူတက်ရောက်သည့် ရွေးချယ်စရာအတန်းမှာ လက်ဖက်ရည်အခမ်းအနား၊ လက်ရေးလှရေးခြင်းနှင့် ကျားကွက်ကစားသည့် အတန်းများဖြစ်လေသည်။

ရွှီရှင်းတောဟာ သူမရဲ့ကတ်ကို အသုံးမပြုခင် သူမဟာ အတန်းထဲဝင်ဖို့ တုံ့ဆိုင်းနေ၏။ သို့သော်ငြား အံ့ဖွယ်အနေနဲ့ ရှောက်ချင်းဟယ်က
အပြင်ကို အရင်ဦးဆုံး ထွက်လာပြီး မေးလိုက်သည်။ "မင်းဘာလို့ဒီက်ိုရောက်နေတာလဲ? မင်း ကျားကွက်ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်လို့လား?"

ရွှီရှင်းတော၏ ပြိုင်ပွဲအမျိုးမျိုးတွင် အရူးအမူးဝင်ရောက်ယှဉ်ပြိုင်နေမှုက တစ်ကျောင်းလုံးအနှံ့
နာမည်ကြီးနေ၏။

ရွှီရှင်းတောက က သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ငါနည်းနည်း တုံဆိုင်းနေတုန်းပဲ"
"ဘာလို့လဲ?"

"ငါက ကျားကွက်ကို ဘယ်လိုကောင်းကောင်း ကစားရမလဲဆိုတာ မသိဘူး။ အဲတော့ ပြိုင်ပွဲမှာ မနိုင်လောက်ဘူး။ ပြောရရင်တော့ တကယ်လို့ ငါ
ကျားကွက်ပြိုင်ပွဲမှာ ဝင်ပြိုင်ရင် သေချာပေါက် ဆုရမှာ မဟုတ်သလို ဒီအတန်းအတွက် သင်တန်းကြေးက အလကားဖြုန်းတီးလိုက်သလို ဖြစ်သွားမှာ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now