Chapter 121(Unicode&Zawgyi)

787 59 0
                                    

ထုန်းယန်:သောက်ကျိုးနည်း သခင်မ ရှင်းတော
က ထင်ရာစိုင်းနေတဲ့ လူလိမ်လူကောက်ကောင်ကို နှိမ်နင်းတဲ့ နည်းလမ်း ရှာတွေ့သွားပြီပဲ။

ထုန်းယန်သည် ထိုကိစ္စကို သိသွားသည့်အချိန်
က အတန်းထဲကို ရောက်ခါစ ဖြစ်သည်။

သူသည် ရွှီရှင်းတောက နာမည်ဆိုးဖြင့် ကျော်ကြားသည့် နောက်ဆုံးစာမေးပွဲခန်းက ကျောင်းသားများ၏
အနှောင့်အယှက်ပေးချင်စရာ ပစ်မှတ်ဖြစ်သွားမည်ကို စိုးရိမ်နေ၏။ သို့သော်ငြား သူမဟာဗိုလ်ကျတတ်သော အာဏာရှင်တစ်ယောက်၏ အင်အားကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ပြလိုက်သည်ကို မြင်ပြီး သူဟာ အံ့အားသင့်သွား၏။ သူသည် ရွှီရှင်းတောအား သူ၏ ကာကွယ်ပေးမှူကို လိုအပ်သည့် နုနယ်ကာ အထိမခံသည့် ပန်းကလေးတစ်ပွင့်လို အမြဲတမ်းတွေးထင်ခဲ့သည်။

ထို့ကြောင့် သူဟာ နားချိန်အတွင်း ရွှီရှင်းတောထံရောက်လာတာ ဖြစ်သည်။ သူသည် သူ၏ သမီးငယ်လေးကို မူကြိုကျောင်းကို ပို့ပြီး မမြင်ကွယ်ရာမှ တိတ်တိတ်ကလေး ချောင်းကြည့်နေသည့် အဖေတစ်ယောက်လို ခံစားလိုက်ရသည်။ အဲဒီအစား သူ၏ နုနယ်လှသည့် ပန်းကလေးက အခြားသူများအား မည်ကဲ့သို့ ပြုမူရမလဲဆိုတာကို သင်ပြပေးနေကြောင်း တွေ့လိုက်ရသည်။

အိုးလုံလက်ဖက်ရည်တစ်ပုလင်းကို ယူလာပြီး သူဟာ အတန်းထဲသို့ လျှောက်လာ၏။ သူဟာ ပုလင်းကို ရွှီရှင်းတော၏ စားပွဲပေါ်တင်လိုက်ပြီး
သူမကို နှုတ်ဆက်လိုက်သည်။ "မင်း အလုပ်များနေတာလား?"

ဝေ့လန်နှင့် စူးဝေသည်လည်း ထုန်းယန်နှင့်အတူ ကပ်ပါလာ၏။ သူတို့နှစ်ဦးဟာ လူအုပ်ကြီး၏ တုန့်ပြန်မှုကို ကြည့်ဖို့ ပိုစိတ်ဝင်နေကြပြီး အခိုက်အတန့်တိုင်းကို အရသာခံကြည့်ရင်း ဝင်လာကြ၏။

ထုန်းယန်က ရောက်နေပြီး ဖြစ်သော်ငြား ရွှီရှင်းတောနှင့် ယင်ရှောက်ရှူကြားက ရန်ပွဲကို တားဆီးဖို့
ဒုက္ခခံမနေပေ။ အဲဒီအစား သူဟာ ရွှီရှင်းတော၏ စားပွဲပေါ်တွင် ထိုင်လိုက်ပြီး ယင်ရှောက်ရှူအား သင်ပြပေးနေသည်ကို ကြည့်လိုက်သည်။ သူဟာ သတိရှိရှိနှင့် ရွှီရှင်းတောအား စောင့်ကြည့်နေ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now