Chapter 132(Unicode&Zawgyi)

822 59 2
                                    



ထိုအခိုက်အတန့်တွင် လော့ရွှီသည် လီရှင်းနင်ထံသ်ို့ကြည့်လိုက်သည်။ သူမဟာ အဆင့်များကို ကြည့်ပြီး အရင်က တစ်ခါမှ ဒီလို အမှတ်မနည်းဖူးကြောင်း ရေရွတ်ရင်း သူမ၏ခုံပေါ်တွင် မှောက်လျက် မျက်ရည်များကျဆင်းနေ၏။

(T/N: လီရှင်းနင်က မုချင်းယောင်ရဲ့ကောင်လေးနဲ့
ပြဇာတ်သွားကြည့်တဲ့ သူမရဲ့ အပေါ်ယံသူငယ်ချင်းပါ)

လော့ရွှီသည် ထိပ်ဆုံးအယောက်၅၀အတွင်း အလယ်အလတ်အဆင့်ကို ရရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေ၏။ အလယ်အလတ်အဆင့်သာ ရသော်ငြား အလွန်တည်ငြိမ်သည့် အဆင့်ဖြစ်နေဆဲပင်။

သူမဖုန်း၏ ဗီဒီယိုကမ်မရာကို ခိုးကြောင်ခိုးဝှက် ဖွင့်လိုက်ပြီး လုရန်ကျား၏ ရန်ပွဲနှင့်အတူ လီရှင်းနင်၏ မျက်ရည်ကျနေသော ပုံရိပ်ကို မှတ်တမ်းတင်ထားလေသည်။

သူမသည် အချင်းချင်း တိုးတိုးတိုးတိုး ပြောနေကြသည့် ရှောက်ချင်းဟယ်နှင့် မုချင်းယီတို့ကို ဆက်လက်၍ တိတ်တိတ်လေး မှတ်တမ်းတင်ထားပြီး စိတ်မချမ်းမြေ့ဖြစ်နေသည့် မုချင်းယောင်ကို အဆင်သင့်ထည့်ရိုက်လိုက်သည်။
ရိုက်ပြီးသွားသည့်အခါ ရိုက်ထားသည့် ဗီဒီယိုကို
ရွှီရှင်းတောထံ ပို့လိုက်သည်။ ရွှီရှင်းက မြန်မြန် စာပြန်လာ၏: ဒါဆို ဒုံးပျံအတန်းက အဲဒီလောက် အသက်ဝင်တယ်ပေါ့?

လော့ရွှီ: လုရန်ကျားက ဒုံးပျံအတန်းကနေ အထုတ်ခံရလို့ သူမက အခု ဒေါသအရမ်းထွက်နေတာ။
ရွှီရှင်းတော:ဘာလို့လဲ?

လော့ရွှီသည် သူမကို ဒုံးပျံအတန်း၏ စည်းမျဉ်းအကြောင်း ဆက်လက်ရှင်းပြလိုက်သည့်အခါ
ရွှီရှင်းတောအား အလန့်တကြားဖြစ်သွားစေသည့်အတွက် တည့်တိုးသာ စာပြန်လာ၏။
"ဒုံးပျံအတန်းအတွက် ကျောင်းစရိတ် ထောက်ပံ့ကြေးရှိတာလား? ထိပ်ဆုံး၁၀ယောက်ထဲကို ဝင်ရင်ကျောင်းစရိတ်အတွက် လုံးဝ ကင်းလွတ်ခွင့်ရတာလား? ဝါသနာပါရာအတန်းအတွက် ကင်းလွတ်ခွင့်လား?"

လော့ရွှီသည် သူမသူငယ်ချင်း၏ တုန့်ပြန်မှုကြောင့် အလွန်အမင်း အံ့အားသင့်သွားလေသည်။ ရွှီရှင်းတောသည် အမြဲတစေ အေးစက်ပြီး
လျစ်လျူရှုတတ်သည့်သူဖြစ်သည့်အတွက် သူမထံမှ ထိုကဲ့သို့ စိတ်လှုပ်ရှားနေသည့်အသံကို ကြားရခြင်းက အင်မတန် ရှားပါးလေသည်။သို့ဖြစ်၍ သူမဟာ ရွှီရှင်းတော၏မေးခွန်းကို စိတ်ရှည်လက်ရှည် ဆက်လက်ဖြေကြားပေးလေသည်။
"အလကားလေ! လုံးဝအလကား! နင်က စာသင်နှစ်တစ်နှစ်စာလောက် ဒုံးပျံအခန်းမှာနေပြီး
ထိပ်ဆုံး၁၀အတွင်း ကိုယ့်နေရာကို ထိန်းထားနိုင်မယ်ဆိုရင် နင့်ရဲ့ ကျောင်းလခတွေအားလုံးကို ပေးစရာ မလိုတော့ဘူး!"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now