Chapter 149(Unicode&Zawgyi)

449 37 0
                                    



ဆရာဝန်က ဆေးစစ်ချက်ရလဒ်များဖြင့် ပြန်လာသည့်အခါ ရွှီရှင်းတောရော ထုန်းယန်ပါ ထိုစာရွက်များကို ကြည့်ခွင့်မရှိပေ။ ယင်းဟွာက ဆေးစစ်ချက်မှတ်တမ်းကို ဆွဲယူလိုက်ပြီး တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်လိုက်သည်။

သူမ တစ်ခုခုကို နားမလည်သည့်အခါတိုင်း သူမကို ရှင်းပြဖို့ဘေးနားမှာရပ်နေသည့် ဆရာဝန်အား မေးလိမ့်မည် ဖြစ်သည်။ ဆေးစစ်ချက်ရလဒ်
အများစုက ရပြီ ဖြစ်သော်ငြား မနက်ဖြန် သို့မဟုတ် သဘက်ခါမှသာ ဖတ်ရမည့် ဓာတ်ခွဲခန်း ရလဒ်အချို့လည်း ကျန်ရှိနေဆဲဖြစ်သည်။

ထုန်းယန်နှင့် ရွှီရှင်းတောက ယင်းဟွာတစ်ယောက် ဆေးစစ်ချက်ရလဒ်များအားစစ်ဆေးကြည့်ရှုနေသည်ကို တိတ်တဆိတ်သာကြည့်လိုက်ရသည်။ ဖတ်ရှုပြီးနောက် ယင်းဟွာက စတင်ပြောကြားလာ၏။ "ရွှီရှင်းတောရဲ့ခန္ဓာကိုယ်အခြေအနေက ကောင်းမွန်တဲ့အခြေအနေမှာ မဟုတ်ဘူး။ သူမက နည်းနည်းသွေးအားနည်းနေပေမဲ့ ကံကောင်းချင်တော့ သူမမှာ အပြင်းအထန်ဖျားနာတာမျိုး မရှိဘူး။ မိန်းမတစ်ယောက်ရဲ့ခန္ဓာကိုယ်က သေချာလေး ဂရုစိုက်ဖို့ လိုတယ်။ ငါတို့မင်းကို ငါ့နေရာဆီပြောင်းရွေ့ပေးပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပေးဖို့ လူတစ်ယောက် စီစဉ်ပေးမယ်"

ရွှီရှင်းတောသည် ကြောင်အသွားပြီး ထုန်းယန်အား တွေဝေစွာ ကြည့်လိုက်သည်။
သူတို့နှစ်ဦးလုံး အနည်းငယ် ပျာဟာခတ်သွား၏။
ယင်းဟွာက သူမကို ဂရုစိုက်ပေးဖို့ စီစဉ်နေတာ။သူမက တစ်ခုခုကို သတိထားမိသွားတာ ဖြစ်နိုင်လား?

သို့သော်ငြား သူတို့နှစ်ဦးလုံး မမေးရဲသည့်အတွက် အချင်ယောင်သာ ဆောင်နေရသည်။ ရွှီရှင်းတောတစ်ယောက် ထပ်ခါတလဲလဲ
ငြင်းဆန်လိုက်သည်။ "အန်တီ အဲဒီလို လုပ်ဖို့မလိုပါဘူး။ ကျွန်မ ဓမ္မတာလာတဲ့အချိန် ဆေးသောက်လို့လည်း ရပါတယ်"

ယင်းဟွာက ရွှီရှင်းတောကို ကြည့်လိုက်သည်။ "ဆေးသောက်ရုံပဲလား? ဒါက ထုန်းယန်မင်းကို ဂရုစိုက်တဲ့ ပုံစံလား?"
ထုန်းယန်က လျင်မြန်စွာ မေးလိုက်သည်။ "ဒါဆို ကျွန်တော်က သူမကို ဘယ်လို ဂရုစိုက်ရမှာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now