Chapter 113(Unicode&Zawgyi)

877 84 1
                                    



ထုန်းယန်ဟာ ရွှီရှင်းတော၏ ခရီးဆောင်အိတ်ဖြင့် အပြင်ထွက်တော့ဆဲဆဲတွင် ဖြစ်သည်။ သို့သော်ငြား သူငုံကြည့်လိုက်သည့်အခါ ရွှီရှင်းတောတစ်ယောက် ဘာအတွင်းခံမှ မဝတ်ထားကြောင်း သတိပြုမိသွား၏။ သူမဟာ အိပ်ရာဝင်ဖို့အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူဟာ လှည့်လိုက်ပြီး ခရီးဆောင်အိတ်ကို ဖွင့်ကာလဲရမည့် ဝတ်စုံတစ်စုံကို
ရှာဖွေလိုက်သည်။

နောက်က ချိတ်ကို မမြင်ရဘဲ bra ဘယ်လို ဝတ်ရမလဲဆိုတာ သိသည့် သူ့လို့ကောင်လေးများက
ဤကမ္ဘာပေါ်တွင် အလွန်နည်းပါးပြီး ရှားပါးလှပေသည်။သူဝတ်လို့ ပြီးစီးသွားသည့်အခါ အကျင့်အတိုင်းသူ၏ရင်နှစ်မွှာအား ပင့်တင်လိုက်ပြီး အနည်းငယ်တုန်ခါစေလိုက်၏။

အတိတ်တုန်းက သူတို့ မကြာခဏ ခန္တာကိုယ်လဲသည့်အခါ သူသည် သူမ၏ ခန္တာကိုယ်နှင့်အသားကျလာ၏။ ထပ်မံ၍ သူတို့ဟာ ဘယ်တုန်းကမှ စင်စစ် အတူတူမရှိခဲ့ဖူးပေ။

ရလဒ်အနေနှင့် သူဟာ သူမ၏ခန္တာကိုယ်ကို ထိနေသည့်အခါ ရွှီရှင်းတောကို ချက်ချင်းသတိရသွား၏။ ထိုအတွေးနဲ့အတူ သူဟာ သူ၏လက်များကို ချက်ချင်း ရုတ်လိုက်သည်။

သို့သော်ငြား သိပ်မကြာခင်မှာပင် သည်းမခံနိုင်တော့ဘဲ.... သူ၏ခေါင်းကို ငုံကာ ကြည့်လိုက်သည်....

...

အချိန်နည်းနည်းကြာပြီးနောက် ထုန်းယန်ဟာ သူ့ရဲ့လက်ကိုမြှောက်ပြီး မျက်နှာကိုပွတ်လိုက်သည်။
သူ့ကိုယ်သူ နှစ်ချက်ပုတ်လိုက်ပြီး ဆွယ်တာတစ်ထည်၊ အသားကပ်ဘောင်းဘီနှင့် ဂျင်းဘောင်းဘီတစ်ထည်ကို အလောတကြီး ဝတ်လိုက်သည်။ ဒီလောက်မှ လုံလောက်လိမ့်မည်သာ။

ရွှီရှင်းတော၏ ခန္တာကိုယ်က အအေးလုံးဝမခံန်ိုင်သည့်အတွက် သူ့အတွက် နွေးနွေးထွေးထွေး ဝတ်ရန် လိုအပ်လေသည်။

ခရီးဆောင်အိတ်များကို အခန်းထဲမှ ထုတ်လိုက်ပြီးသူဟာ လှေကားမှ ငုံကြည့်လိုက်ပြီးနှောင့်နှေးမနေဘဲ ခရီးဆောင်အိတ်တစ်လုံးကို သီးသန့် သယ်ဆင်းလာ၏။

အိတ်နှစ်လုံးကို အောက်ထပ်သို့ ရွေ့ပြီးနောက် သူဟာ တံခါးကို တွန်းဖွင့်လိုက်ပြီး မုဗီလာမှ ထွက်လာ၏။ ထိုအခိုက်အတန့်တွင် သူဟာ မုချင်းယီတစ်ယောက် ဒူးပေါ်တွင် လက်မောင်းများတင်လျက် တံခါးပေါက်ရှိ အုတ်ခုံလှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရပြီး မုချင်းယီက သူအားပြန်ကြည့်လာ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now