Chapter 103(Unicode&Zawgyi)

988 77 1
                                    


လျိုယထင်းတစ်ယောက် ရုတ်တရက် အလန့်တကြားဖြစ်သွား၏။ သူမဟာ များသောအားဖြင့် ယင်းဟွာနှင့် နေလိမ့်မည်ဖြစ်သော်ငြား ယနေ့မှာတော့ သူမဟာ တွန့်ဆုတ်နေပြီး ပျာယာခတ်နေသည့်အသံဖြင့်ပြောလိုက်သည်။ "ကျွန်မအရင်ဆင်းပြီး အဲဒီကောင်စုတ်လေးတွေကို ရှင်းခိုင်းလိုက်မယ်"

အဲဒီလိုနှင့် သူမဟာ သူ၏အမေရောက်နေကြောင်း ထုန်းယန်အား ဦးစွာအသိပေးရန် အောက်ထပ်ကို လျင်မြန်စွာ ပြေးဆင်းသွားသော်လည်း သူမ၏လက်ကိုင်ဖုန်းကို သူမနှင့် တပါတည်းယူဆောင်သွားရန် မေ့သွား၏။

ယင်းဟွာဟာ လျိုယထင်းရဲ့ဖုန်းကို ကောက်ယူပြီး ဖုန်းမျက်နှာပြင် မပိတ်ကျသွားခင်မှာတစ်ချက်ကြည့်လိုက်ပြီး သူမတွေ့သည့်နေရာမှာ ပြန်ထားလိုက်သည်။

ယင်းဟွာဟာ လျိုယထင်းပြန်လာသည်က်ို စောင့်မနေတော့ဘဲ အောက်ထပ်ကို ဦးတည်သွားလိုက်၏။

သူမအခန်းထဲကို ဝင်သည့်အခါ အလန့်တကြားဖြစ်နေသည့် ဆယ်ကျော်သက် လူငယ်တစ်စုကို တွေ့လိုက်ရသည်။ ဝေ့လန်နှင့်စူးဝေ့ဟာ တဘက်ပတ်လျက် အပေါ်ထပ်ကို ကိုးရို့ကားယားနိုင်စွာ ပြေးတက်သွားကြ၏။ သူတို့ဟာ ယင်းဟွာရဲ့အကြည့်ကို ရှောင်ရှားရန်ကြိုးစားနေကြပြီး သူတို့၏ ကမောက်ကမအခြေအနေကို မမြင်ရန် မျှော်လင့်နေကြသည်။

သုမဟာ ထုန်းယန့်ဧည့်သည်များ၏ နှုတ်ဆက်ခြင်းကို ယဉ်ယဉ်ကျေးကျေးတုန့်ပြန်လိုက်သည်။

လျိုယထင်းဟာ နောက်ဆုံးမှာတော့ ထုန်းယန်ကို သတိပေးနိုင်ခဲ့သည့်အတွက် သူဟာ ပုံမှန်အတိုင်း ပြန်ဖြေလ်ိုက်သည်။ "ကိစ္စမရှိပါဘူး"
လျိုယထင်းဟာ ရွှီရှင်းတောကို ညွှန်ပြပြီး မေးလိုက်သည်။ "သူမကရော?"

"သူမက ဘာဖြစ်နေလို့လဲ?" ထုန်းယန်တစ်ယောက် နားမလည်နိုင်တော့ပေ။
"အန်တီက နင်တို့က်ို ဆက်ပြီး အပေါင်းအသင်းလုပ်ခွင့်ပြုတော့မှာမဟုတ်ဘူး!"

ထုန်ယန်က လျိုယထင်းကို ကြည့်ပြီး ခဏမျှ တွေဝေသွား၏။ သူဟာ ရွှီရှင်းတောကို ဖွက်ထားဖို့ ခနမျှ တွေးမိသော်ငြား သူ ဘာမှမလုပ်နိုင်ခင်မှာပင် ယင်းဟွာက ရောက်နှင့်နေပြီးဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now