Chapter 152(Unicode&Zawgyi)

600 43 3
                                    



မုချင်းယောင်သည် သူမ ဆေးကိုလဲထားသည့်ကိစ္စက အကြောင်းအရင်း ဖြစ်နိုင်ကြောင်း သိသည့်အတွက် သူမ အိမ်ပြန်ရောက်သည့်အခါ ရူးချင်ယောင်ဆောင်၍ ပြောလိုက်သည်။ "တောတော မဖြစ်နိုင်ဘူး။ သူမက အခုမှ ကျောင်းကိုရောက်တာ ပြီးတော့ ဘယ်သူ့ကိုမှလည်း သိတာမဟုတ်ဘူး။ သူမကို ဘယ်သူက ကူညီမှာလဲ? ထုန်းယန်ကပဲ သူမနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာ။ ဒါပေမဲ့ မိသားစုကြီးက ထုန်းယန်လို လူမျိုးကလည်း တောတော ဒီလို အကြမ်းဖက်တဲ့ကိစ္စမျိုးလုပ်မှာကို ကူညီမှာ မဟုတ်ဘူးလေ? အဖေနဲ့အမေ သူမကို အပြစ်မတင်ပါနဲ့။ သူမ လုပ်တာ မဟုတ်ပါဘူး"

"ဒါဆ်ို ဘယ်သူက မင်းကို ဒီလိုနည်းလမ်းနဲ့ ပစ်မှတ်ထားမှာလဲ?!"
အဖေမုက ကြမ်းတမ်းခက်ထန်စွာ ပြောလိုက်သည်။
မုချင်းယောင်က သူမ၏ ခေါင်းကိုသာ ခါလိုက်ပြီး ဘာမှ မပြောပေ။

သူမ၏မိဘများက ပွင့်ပွင့်လင်းလင်း မပြောသော်ငြား ရွှီရှင်းတောတစ်ယောက် အိမ်ကထွက်သွားပြီးနောက် မုချင်းယောင်အား လက်တုံ့ပြန်တာဟု နှစ်ယောက်လုံး ခံစားရတာ ဖြစ်သည်။

အဖေမုတစ်ယောက် ဒေါသတကြီး စူပူကြိမ်းမောင်းလိုက်သည်။ "အဲဒီ ကျေးဇူးမသိတတ်တဲ့ သမီးမိုက် သူမက အရာအားလုံးကို ဖျက်ဆီးဖို့ ဒီကို ရောက်လာတာများလား? မျှော်လင့်ထားတဲ့အတိုင်း သူမက တောရွာမှာ ကြီးပြင်းလာတဲ့သူ မလို့ အရမ်း ရက်စက်လွန်းတယ်။ သူမက မကြာခင် မဟုတ်လည်း နောက်ကျ ထောင်ထဲမှာပဲ အဆုံးသတ်သွားတဲ့အချိန် ပညာကို ကောင်းကောင်းမွန်မွန် သင်ယူနိုင်လည်း ဘာများ အသုံးကျမှာမို့လဲ။ သူမကို လွတ်ဖို့ ကူညီမယ်လို့ တွေးတောင်မတွေးနဲ့"

အမေမုက ဘာမှမပြောဘဲ ထုံးစံအတိုင်း ဆိုဖာပေါ်မှာ စတင်ငိုကြွေးနေ၏။
မုချင်းယောင်က သူမ၏ ခန္ဓာကိုယ်ပေါ်က အမှတ်များကို ကြည့်ပြီး ဒေါသခြောင်းခြောင်း ထွက်နေ၏။

နိုက်ထရိုဂျင်အရည်က သူမ၏ အရေပြားပေါ်တွင် မတူညီသည့်အချိန်အပိုင်းအခြားအလိုက် တည်ရှိနေတာ ဖြစ်သည်။ အကယ်၍ သူမသာ တစ်ခါနှစ်ခါ ပစ်ခံရလျှင် ဘာမှ ဖြစ်မှာ မဟုတ်ပေ။ သို့သော်ငြား သူမက အချက်ငါးဆယ် ပစ်မှန်ထားတာ ဖြစ်သည့်အတွက် အနီရောင်အမှတ်များနှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ယောင်ယမ်းနေ၏။
.
နီရဲကာ ယောင်ယမ်းနေသည့် နေရာများက အဲဒီလောက် မကြီးသော်ငြား နေရာအနှံ့ပျံ့နှံ့နေ၏။
သူမ၏ အရေပြားနီရဲနေသည့် နေရာများက လွဲလျှင် ကျန်သည့်နေရာများက ပုံမှန်သာ ဖြစ်သည်။ယင်းက လမျက်နှာပြင်ကဲ့သို့ပင်။ သူမဟာ တချို့နေရာများတွင် ရေကြည်ဖုများတောင် ရ်ှိနေ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now