Chapter 98(Unicode&Zawgyi)

1.1K 98 1
                                    


ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူမှနားမလည်ပေ။ ထုန်းယန်ဟာ ရွှီရှင်းတောနား ကပ်လိုက်ပြီး မြန်မြန်ပြောလိုက်သည်။ "မင်း ဒီလူတွေကို သိပြီးသားမလို့ ငါမင်းကို သူတို့နဲ့မိတ်ဆက်ပေးစရာမလိုဘူး ဟုတ်တယ်မလား?"

"ဟုတ်တယ်" ရွှီရှင်းတောတစ်ယောက်ခေါင်းညိတ်ပြလိုက်ပြီး လော့ရွှီဘေးသို့ လျှောက်သွား၏။

ထုန်းယန်ဟာ သူ၏မွေးနေ့ပွဲကိုလာသည့် သူများအား နှုတ်ဆက်ရန်လိုအပ်သေးသည်။ သူဟာ ရွှီရှင်းတောကို သွားကြိုရန် မွေးနေ့ပွဲအားရုတ်တရက်ထားပစ်ခဲ့သည့်အတွက် သဘာဝကျကျပင် သူတို့နှင့် အခု တွေ့ရတော့မှာဖြစ်သည်။
သူဟာ ရွှီရှင်းတောနှင့်အတူရှိမနေနိုင်တော့ပေ။ ရွှီရှင်းတောသည် လော့ရွှီအား အဆောက်အအုံတစ်ဝိုက် ခေါ်သွား၏။ လော့ရွှီ၏ မျက်လုံးများက အံ့အားသင့်မှုကြောင့်ပြူးကျယ်သွား၏။
"ဝေါင်း...ဒါ ကိုးရီးယားကားတွေထဲမှာပြတဲ့ အိမ်တွေလိုမျိုးပဲ။ ဒီလိုနေရာအကြီးကြီးမှာ တစ်ယောက်တည်းနေတယ်? ထုန်းယန်ရဲ့သူငယ်ချင်းတွေကအရမ်းချောတာပဲ.."

ထုန်းယန်က သူ့မိဘများနှင့် ခွဲနေခြင်းဖြစ်သည်။
သူ၏မိဘများက အခြားဗီလာတွင် နေပြီး ဤနေရာနှင့် သိပ်မဝေးပေ။ ထိုဗီလာကိုရောက်ရန် ကားပေါ်မှ အဆင်းအတက် အပါအဝင် ကားဖြင့် သုံးမိနစ်သာ သွားရလေသည်။

ထုန်းမိသားစုနှင့်ယှဉ်လျှင် လော့ရွှီတစ်ယောက် သူမ၏မိသားစုက နောက်မှပေါက်သည့်ရွှေကြာပင်အဖြစ်သာ မှတ်ယူနိုင်ကြောင်း တွေးတောမိ၏။

ထုန်းယန်က ကိုကိုးဟုခေါ်သည့် အယ်ဇေးရှင်းခွေးနှင့်အတူ နေထိုင်လေသည်။
ရွှီရှင်းတောဟာ ကိုကိုးနှင့်ကစားရန် လော့ရွှီကို ခေါ်သွားသေည်လည်း ထုန်းယန်၏ညီအစ်ကိုနှစ်ယောက် တားဆီးခြင်းကို ခံလိုက်ရသည်။

လုချီချောင်က ရွှီရှင်းတောကို အပြုံးလေးနှင့်ကြည့်ပြီး မေးလိုက်သည်။ "ဒီအလှလေးက တကယ်ပဲ အစ်ကိုယန်ရဲ့ ကောင်မလေးလား?"

သူဟာ ယခုနှစ်မှ ကျောင်းသားသစ်လေးဖြစ်သည့် ထုန်းယန်ထက် စင်စစ်ကြီးလေသည်။
သူဟာ ထုန်းယန်အား ယဉ်ကျေးသည့်အမူအရာဖြင့် 'အစ်ကိုယန်'ခေါ်လေသည်။ ထုန်းယန်က လုချီချောင်အား အစ်ကိုချောင်ဟု ခေါ်လေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now