ကျားဟွာနိုင်ငံတကာကျောင်းက တင်းနစ်တွင် အတော်လေးကျော်ကြားလေသည်။ ပြည်တွင်းပွဲတွင်သာမက နိုင်ငံတကာပွဲများတွင်တောင် မကြာခဏ ပါဝင်လေ့ရှိသည်။ ကျောင်းတွင်တင်းနစ်ကြည့်ရတာကြိုက်သည့် လူအများအပြားရှိလေသည်။သို့သော်ငြား ရွှီရှင်းတောတစ်ယောက် ယခုလေးတင် ဤနေရာကို ရောက်သည့်အခါ လူအများစုက ထွက်သွားပြီ ဖြစ်ကြောင်း သတိထားမိသွား၏။ ထပ်မံ၍ လူတစ်ချို့က အမျိုးသားပြိုင်ပွဲကို လာကြည့်ချင်ရုံသာ ဖြစ်သည်။ ထို့ကြောင့် အမျိုးသားပြိုင်ပွဲပြီးသွားသည့်အချိန် သူတို့ဟာ သဘာဝကျကျပင် ထွက်သွားကြပြီ ဖြစ်သည်။
ဘာလို့ လူအများကြီးက ဒီကို ရုတ်တရက်ကြီး ရောက်လာရတာလဲ? အကယ်၍ ဝါသနာအတန်းချိန်ဖြစ်၍ မတက်ကြဖို့ ရွေးချယ်ကြလျှင်တောင် လူဦးရေက အကျိုးအကြောင်းမသင့်လှပေ။
ထို့နောက် သူမဟာ မုချင်းယီနှင့် ရှောက်ချင်းဟယ်တို့က ကြည့်နေကြောင်းကိုလည်း တွေ့လိုက်ရသည်။မုချင်းယီသည် သူ၏နှုတ်ခမ်းကို ဆူထော်လိုက်သော်ငြား သူထံ၌ ပုံမှန်အတိုင်းအထက်စီးဆန်ပြီး ထိမရသည့်ပုံပန်းသွင်ပြင်က ရှိနေဆဲဖြစ်သည်။ ရှောက်ချင်းဟယ်သာလျှင် သူမအား အပြုံးလေးဖြင့် လက်ပြနှုတ်ဆက်တာ ဖြစ်သည်။
ရွှီရှင်းတောသည် ရှောက်ချင်းဟယ်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမဟာ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး သူမ၏ပွဲကို စောင့်ရင်းလက်ရှိပွဲကို ကြည့်ရန် ဘေးဖက်တွင်ရပ်နေ၏။
ရွှီရှင်းတော ပြိုင်ရမဲ့အလှည့်ကို ရောက်သည့်အခါ
သူမဟာ ကွင်းဘက်ကို လျှောက်သွားပြီး
ဘတ်တံကို Eastern Grip နည်းလမ်းဖြင့် ကိုင်ထားသည်က်ို မြင်ပြီး ယင်ရှောက်ရှူသည် သူ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ ဤနည်းလမ်းက တင်းနစ်ရိုက်စလူများအတွက် အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်။ဥပမာအားဖြင့် သူသည် အားသုံးရန် အဆင်ပြေပြီး ဘတ်တံဝှေ့ယမ်းမှုကို အထောက်အကူဖြစ်စေသည့် Semi-western Grip နည်းလမ်းဖြင့် ဘတ်တံကို ကိုင်လေ့ရှိသည်။
စင်စစ်အားဖြင့် Eastern Gripနည်းလမ်းဖြင့် ဘတ်တံကိုင်သည့် နည်းလမ်းက တင်းနစ်ရိုက်စလူများအတွက် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် ယင်ရှောက်ရှုသည် ရွှီရှင်းတောက အသစ်ကလေးဖြစ်ကြောင်း 80%လောက်သေချာနေသလို ခံစားလိုက်ရသည်။သူသည် ရွှီရှင်းတော ရှုံးတာကိုကြည့်ဖို့ အစီအစဉ်မရှိသည့်အတွက် သူဟာ ထွက်သွားလိုက်သည်။
YOU ARE READING
အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)
Любовные романыAuthor-墨西柯 Years-2019 English translator-Fleeting Cloud eng name-The Legitimate daughter doesn't care! Associated Names-真千金懒得理你[互穿 Myanmar translators-OriaAnna, @Xiaopea ဂရုမစိုက်တတ်တဲ့ သမီးအရင်းနဲ့ ကျိကျိတက်ချမ်းသာပြီးအာဏာရှင်ဆန်တဲ့ သခင်လေးတစ်ယောက...