Chapter 127(Unicode&Zawgyi)

683 48 0
                                    



အနည်းနှင့်အများဆိုသလို ကိစ္စက ဤကဲ့သို့ဖြစ်သွားသည်ပင်: ယင်ရှောက်ရှူက ကျောင်းနားက လေလွင့်ကြောင်အား တစ်ခေါက်ပြီးတစ်ခေါက် အစားအစာများ ယူလာပေးရင်း
ဂရုစိုက်ပေးလေ့ရှိသည်။

သို့သော်ငြား တစ်နေ့တွင် သူဟာ ကြောင်လေး၏
အလောင်းကို တွေ့လိုက်ရသည်။ သူ၏ အမွှေးက
ရက်ရက်စက်စက် ရိတ်ခံထားရကာသူ၏ခန္ဓာကိုယ်ကို ချုပ်နှောင်ထားပြီး အပြင်ဘက် မိုးရေထဲတွင် သေအောင် အပစ်ခံထားရသည့်ပုံပင်။

နောက်ပိုင်း သူဟာ ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် သူကို သိရှိသွားပြီး ထိုမိန်းကလေးကို သွားရှာခဲ့သည်။
ထိုမိန်းကလေး၏ ကောင်လေးအား စနိုက်ကြော်သွားသည့် ကောင်မလေးက ကြောင်များအား အစာကြွေးရသည်ကို နှစ်သက်သည့်အတွက် ထိုမိန်းကလေးက ကြောင်များအား နှိပ်စက်ညှဉ်းပန်းခြင်းပင်။

ရွှီရှင်းတောသည် ယင်ရှောက်ရှူက ထိုမိန်းကလေးကို ဆွဲခေါ်သွားပြီး သူမအား ရေကန်ထဲသို့ တွန်းချဖို့ ကြိုးစားနေသည့် မြင်ကွင်းအား မြင်ခဲ့တာ ဖြစ်သည်။ သဘာဝကျကျပင် သူမဟာ ထိုမြင်ကွင်းကို မြင်သည့်အချိန် သူ့ကို တားဖို့ သွားခဲ့တာ ဖြစ်သည်။

ယင်ရှောက်ရှူ၏ ဒေါသက ထိုအချိန်တွင် မပြေသေးပေ။ ထို့ကြောင့် သူပြောလိုက်သည့် စကားလုံးများက အတော်လေးလွန်ကျူးနေသည့်အတွက် ယင်ရှောက်ရှူနှင့်ရွှီရှင်းတောကြား ရန်ပွဲဖြစ်ပွားသွားရခြင်းပင်။

ရွှီရှင်းတောသည် ဤစကားများကို ကြားပြီးနောက် မသက်မသာဖြစ်လာသလို ခံစားလိုက်ရသည်။ "ဒါဆို ငါကသူ့ကို မှားပြီး အပြစ်တင်မိတာပေါ့?"

"မဟုတ်ပါဘူး မကောင်းတာကို မကောင်းတာနဲ့ မတုန့်ပြန့်ဖို့ သူ့ကို တားဆီးလိုက်ရုံပါ။ မင်းဘာအမှားမှ မလုပ်ပါဘူး။ ပြီးတော့ ဒီနေ့ မင်းကို ရန်ရှာနေတဲ့သူက တကယ်ပဲ သူလေ"
"နင့်ရဲ့မိဘတွေကရော ဘာပြောလဲ?"

"နင် ငါ့အမေအကြောင်းမသိဘူးလား? သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ဘုရားတောင်တယူရတယ်။ သူမက ငါတို့ရဲ့ အမေနဲ့သားဆက်ဆံရေးကို ဖြတ်တောက်ပစ်ချင်တယ်လို့တောင် ထင်
သွားတာ။ ငါတို့ရုံးခန်းက ထွက်လာပြီးတော့ သူမက ငါ့ကို ဘာစားချင်လဲနဲ့ ငါထိခိုက်သွားသေးလားလို့ မေးတယ်။ ငါ့ကို ဒေါသထွက်အောင်လုပ်လို့ ယင်ရှောက်ရှူက ဘယ်လိုတောင် ရွံစရာကောင်းရတာလဲဆိုပြီး အပြစ်တင်နေသေးတယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now